#WorldHealth
Published - 26 March 2022
ကိုဗစ်ရောဂါခံစားရဖူးတဲ့အသက်ဆုံးပါးခါနီးလူနာတွေ လှူဒါန်းလိုက်သည့်အတွင်းအင်္ဂါများဟာ အစားထိုးခွဲစိတ်ဖို့ အတွက် ဘေးကင်းစိတ်ချရကြောင်း အမေရိကန်နဲ့ အီတလီမှအစားထိုးခွဲစိတ်ရေးအဖွဲ့ များက နောက်လမှာပြုလုပ်မယ့် အဏုဇီဝနှင့်ကူးစက်ရောဂါဆိုင်ရာ ဥရောပအစည်းအဝေးမှာ တင်ပြသွားဖို့ ရှိနေပါတယ်။

အဖွဲ့နှစ်ဖွဲ့စလုံးက သူတို့ရဲ့စမ်းသပ်လေ့လာချက်တွေကို ထုတ်ဖော်ပြသဖို့မျှော်မှန်းထားကြပါတယ်။ မြောက်ကယ်ရိုလိုင်းနား ဒုခ်ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ဒေါက်တာ'ကမ်မရွန်ဝုဖ်'နဲ့ ဒေါက်တာ'အမ်မလီအိုင်ချန်ဘာနာ'တို့က အဆုတ်နဲ့အူအင်္ဂါများကိုတော့ အလှူရှင်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်မရှိကြောင်း ရက် ၂၀ ကျော်ကြာပြီးတဲ့အချိန်မှသာ အသုံးပြုသင့်ပြီး အခြားအင်္ဂါများကိုတော့ အလှူရှင်က ကိုဗစ်ရောဂါနဲ့ဆုံးပါးတာမျိုးမဟုတ်ရင် အစားထိုးအသုံးပြုနိုင်သလို သွေးခဲခြင်းဖြစ်စဉ်အမြောက်အများရှိမနေဘူးဆိုရင်လည်း အသုံးပြုနိုင်ပါတယ်လို့ အစည်းအဝေးကြီးကြပ်စီစဉ်သူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အီတလီနိုင်ငံ အင်ဆူဘရီယာတက္ကသိုလ်မှ ပရော်ဖက်ဆာ'ပေါ်လိုဂရော့စီ'နဲ့အဖွဲ့ဟာ SARS-CoV-2 ဗိုင်းရပ်စ်ရှိနေတဲ့အလှူရှင်များထံမှ အသည်း၊ နှလုံး၊ ကျောက်ကပ်အင်္ဂါများဖြင့် အစားထိုးခွဲစိတ်ခဲ့ကြပါတယ်။

"၂၀၂၂ ခုနှစ်ထဲကိုရောက်လာတဲ့အချိန်မှာ ကိုဗစ်ရောဂါဖြစ်ပွားဖူးတဲ့သူတွေရဲ့ အင်္ဂါအမျိုးမျိုးကို အသုံးပြုရနိုင်တဲ့အခြေအနေတွေ မလွဲမသွေရှိလာမှာပါ" လို့ 'ဂရော့စီ'က ရေးသားဖော်ပြခဲ့ပါတယ်။

ချပြထားတဲ့အချက်အလက်တွေက အားရစရာကောင်းပေမယ့် ဒီလို ကိစ္စတွေမှာ အလှူရှင်တွေရဲ့ ဘေးကင်းစိတ်ချရမှုက အဲဒီလောက်တော့စိတ်ချရခြင်းမရှိပါဘူး။
Source: Reuters