ဂင်္ဂါမြစ်ထဲမျောနေတဲ့ သစ်သားပုံးတစ်ပုံးအတွင်းကနေ တစ်နှစ်သားအရွယ် မိန်းကလေးတစ်ဦးကို ယခုတစ်ပတ်ထဲ အသက်ရှင်လျက် တွေ့ရှိခဲ့ရပါတယ်။ အဲဒီကိစ္စကို အိန္ဒိယရဲတွေက စတင်စုံစမ်းစစ်ဆေး မှုတွေပြုလုပ်နေပြီလို့ ပြောပါတယ်။ အပြည့်အစုံကို သတင်းရုပ်သံအဖြစ် တင်ဆက်ထားပါတယ်။