#WorldNews_Politics
Published - 19 March 2022

လူ(၄)ဦးစီးနင်းလိုက်ပါတဲ့ အမေရိကန်မရင်းတပ် စစ်လေယာဉ်တစ်စီးဟာ နော်ဝေနိုင်ငံမြောက်ပိုင်းမှာ နေတိုးရဲ့ စစ်ရေး လေ့ကျင့်ခန်းတစ်ခု လုပ်နေစဉ်အတွင်း ပျက်ကျခဲ့တယ်လို့ အရာရှိတစ်ဦးကပြောပါတယ်။အဲဒီနေရာဟာ ရုရှားနယ်စပ်နှင့် မိုင်ပေါင်းရာချီ ဝေးကွာတဲ့နေရာဖြစ်ပါတယ်။

The MV-22B Osprey စစ်လေယာဉ်ဟာ သောကြာနေ့ ဒေသံစံတော်ချိန် ညနေ ၆နာရီခွဲခန့်မှာ ပျောက်ဆုံးနေတယ်လို့ သတင်း ရရှိခဲ့ပါတယ်။ ကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စီးနှင့် နော်ဝေ စစ်လေယာဉ်တစ်စီးတို့ ဟာ လေယာဉ်ပျက်အပိုင်းအစကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ နော်ဝေးအရာရှိတွေကပြောပါတယ်။

Norway 2

“ အသက်ရှင်ရက်ကျန်ရစ်တဲ့ အရိပ်အယောင်မတွေ့ရဘူး"လို့ နော်ဝေရဲချုပ် ဘင့်အီလတ်စင်က ပြောပါတယ်။ရာသီဥတုဆိုးရွားနေတဲ့အတွက် လေကြောင်းကယ်ဆယ်ရေးလုပ်ငန်းမလုပ်နိုင်ပဲဖြစ်နေပါတယ်။ မြေပြင်တုန့်ပြန်လှုပ်ရှား ဆောင်ရွက်မှုကတော့ စနေပြီလို့ အရာရှိတွေကပြောပါတယ်။

“ မှောင်မိုက်နေပြီး ရာသီဥတုကဆိုးနေတယ်။ ရေခဲထုပြိုကျမယ့် အန္တရာယ်လည်းရှိနေတယ်" လို့ အီလတ်စင်ကပြောပါတယ်။မာရင်းတပ်ဖွဲ့ က ဒီမတော်တဆဖြစ်မှုမှာ ပတ်သက်တဲ့ လေယာဉ်ဟာ MV-22B Osprey ဖြစ်တယ်လို့ သတင်းထုတ်ပြန် အတည်ပြုပါတယ်။

လေယာဉ်ပျံနှင့် ရဟတ်ယာဉ်စပ်ထားတဲ့ အဲဒီစစ်လေယာဉ်ဟာ အေးမြသောတုန့်ပြန်ခြင်း လို့ အမည်ပေးထားတဲ့ နေတိုးရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်လေ့ကျင့်ရင်း အဆက်အသွယ်ပြတ် ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။
Source New York Post