Published 17 March 2022

အနောက်နိုင်ငံတွေရဲ့ စီးပွားရေးမိုးကြိုးမုန်တိုင်းဆင်တာကို အတူတကွကျော်လွှားကြဖို့ ရုရှားသမ္မတပူတင်က သူ့နိုင်ငံကို‌ ဆော်ဩလိုက်ပါတယ်။ အဲဒီအပြင် သာမာန်ပြည်သူတွေနှင့် စီးပွားရေးလုပ်ငန်းတွေကိုလည်း ငွေကြေးအကူအညီပေးဖို့ သူက ကတိပေးလိုက်ပါတယ်။ အစိုးရအစည်းအဝေးတစ်ခုမှာ သူ့ရဲ့ပြောကြားချက်ကို ရုပ်သံထုတ်လွှင့်ရာမှာ “ ရုရှားကို စီးပွားရေးမိုးကြိုးမုန်တိုင်းဆင်တာတွေ မအောင်မြင်ဖြစ်သွားတယ်” လို့လည်း ထည့်သွင်းပြောကြားပါတယ်။

Source AFP