Published 16 March 2022

ပြင်းအား၇.၃ အဆင့်ရှိတဲ့ အလွန်ပြင်းထန်နဲ့ ငလျင်ကြီးတစ်ခု ဂျပန်နိုင်ငံ အရှေ့ပိုင်းမှာ မတ်လ(၁၆)ရက်နေ့ည ၁၁နာရီ၃၆ မိနစ်ခန့်က လှုပ်ရှားသွားခဲ့ပါတယ်။ အဲဒီငလျင်ဟာ မြို့တော်တိုကျိုကိုပါ တုန်ခါသွားစေပြီး အရှေ့မြောက်ကမ်းခြေ တလျောက် ဆူနာမီ သတိပေးချက်ထုတ်ပြန်ခဲ့ရပါတယ်လို့ ဂျပန်မိုးလေဝသဌာနကပြောပါတယ်။

ပြင်းထန်တဲ့အဲဒီငလျင်ကြောင့် အိမ်ခြေနှစ်သန်းကျော် လျှပ်စစ်မီးများပြတ်တောက်သွားပါတယ်။ ငလျင်ဟာ ဖူကူရှီမားဒေသ  မြေအောက်အနက်၃၇မိုင်ခန့်ကို ဗဟိုပြုပြီး လှုပ်ရှားသွားတာဖြစ်ပါတယ်။

ယခုအထိတော့ ထိခိုက်ပျက်စီးမှုသတင်းတွေမရရှိသေးပါဘူး။