#WorldHealth
Published - 12 March 2022
မိုဒါနာ(Moderna)ကုမ္ပဏီကထုတ်တဲ့ လက်ရှိကိုဗစ်ကာကွယ်ဆေးနဲ့ အိုမီခရွန်မျိုးဗီဇကွဲကိုကာကွယ်နိုင်တဲ့နည်းပညာအားပေါင်းစပ်ကာ ထုတ်လုပ်လိုက်တဲ့ကိုဗစ်အားမြှင့်ကာကွယ်ဆေး(booster)ကို စတင်စမ်းသပ်နေပြီဖြစ်ကြောင်း မိုဒါနာကုမ္ပဏီကကြေညာလိုက်ပါတယ်။

ကြာသပတေးနေ့က ပထမဦးဆုံးတစ်ယောက်ကို စမ်းသပ်ထိုးနှံခဲ့ပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။အမေရိကန်နိုင်ငံရှိ နေရာ ၂၀ နေရာတို့မှာ လူပေါင်း ၃၇၅ ဦးကိုစမ်းသပ်ဖို့ မိုဒါနာကစီစဉ်ထားပါတယ်။

စမ်းသပ်ထိုးနှံမယ့်သူတွေဟာ အသက် ၁၈ နှစ်နဲ့အထက်ရှိသူတွေဖြစ်ပြီး မိုဒါနာကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူတွေအပြင် အနည်းဆုံးလွန်ခဲ့တဲ့ ၃ လက မိုဒါနာအားမြှင့်ကာကွယ်ဆေးထိုးထားတဲ့သူတွေလည်း ပါဝင်ပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲဟာ ယခုနှစ်အစပိုင်းမှာ ကူးစက်မှုအလွန်မြင့်တက်ခဲ့ပြီးနောက် လတ်တလောမှာတော့ ကူးစက်မှုလျော့နည်းနေပြီဖြစ်ပါတယ်။ဖိုင်ဇာကထုတ်တဲ့ အသိအမှတ်ပြုကိုဗစ်ကာကွယ်ဆေးကို အိုမီခရွန်ကူးစက်မှုကိုကာကွယ်နိုင်မယ့် နည်းပညာနဲ့ပေါင်းစပ်ကာ ဖိုင်ဇာပေါင်းစပ်ကာကွယ်ဆေးကိုလည်း စမ်းသပ်လေ့လာနေပြီဖြစ်ပါတယ်။
နယူးယော့ခ်မှာ နံနက် ၁၀ နာရီ ၄၀ မိနစ်က ရှယ်ယာတန်ဖိုး ၄.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး နှစ်အစတည်းကဆိုရင် ၄၆ ရာခိုင်နှုန်းအထိ ကျဆင်းနေခဲ့တာဖြစ်ပါတယ်။


Source: Bloomberg