Published 01 March 2022

ဂျပန်နိုင်ငံ တိုကျိုမြို့တော်က ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်ခုဖြစ်တဲ့ ဟိုရှီနိုယာတိုကျိုဟာ သူ့ရဲ့ဧည့်သည်တွေအတွက် “မီးအိမ်ညစာ” အတွေအကြုံတွေကို ကမ်းလှမ်းနေပါတယ်။ မီးအိမ်ညစာဆိုတာ ညစာစားပွဲပေါ်မှာ နှာခေါင်းစည်းတပ်စရာ မလိုဘဲ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ရင်း လွတ်လပ်စွာ စကားပြောဆိုနိုင်အောင် စီစဉ်ထားတာပါ။

မီးအိမ်ပုံစံ ဦးခေါင်းအမိုးတွေကို တပ်ဆင်ထားတာဖြစ်ပြီး လာစားကြတဲ့ ဧည့်သည်တွေနေရာယူပြီးတဲ့အခါ သူတို့ခေါင်းတည့်တည့်မှာ တပ်ဆင်ထားတဲ့ မီးအိမ်တွေကို စားပွဲထိုးတွေက ခေါင်းမှာ အသာအယာစွပ်ပေးလိုက်တာပဲဖြစ်ပါတယ်။

Source AFP