Published 28 February
စင်္ကာပူနိုင်ငံမှာ ၁၀နှစ်အတွင်းငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးအဖြစ် ၂.၄ရာခိုင်နှုန်းမြင့်တက်လာခဲ့တယ်လို့ စင်္ကာပူငွေကြေး အာဏာပိုင်အဖွဲ့က အွန်လိုင်းကနေတစ်ဆင့်ဖြန့်ဝေခဲ့တဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ထောင်တက်လာနေတဲ့ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဟန့်တားနိုင်ဖို့အတွက် ငွေကြေးအာဏာပိုင်အဖွဲ့ဟာ လေးလအတွင်း ငွေကြေးမူဝါဒကို နှစ်ကြိမ်တိုင်တင်းကျပ်ခဲ့တယ်လို့ အဖွဲ့က သိပ်မကြာသေးခင်က ပြောထားပါတယ်။

ဟောကာစင်တာတွေလို့ခေါ်တဲ့ စားသောက်ဆိုင်တန်းတွေဟာ စင်ကာပူနိုင်ငံသား အောက်ခြေလူတန်းစာတွေ အတွက်ပါ။ ဒေသခံတွေဟာ အဲဒီမှာ စုရုံးကြပြီး စားဖွယ်ရာတွေ စားသောက်ကြပါတယ်။ လက်ဖက်ရည် ကော်ဖီ သောက်ကြတယ်။  ဒါပေမယ့် ပြီးခဲ့တဲ့နှစ်နှင့် နှိုင်းယှဉ်ရင် ဟောကာစင်တာတွေက အစားအသောက်ဈေးတွေဟာ သူတို့မျှော်လင့်ထားတာထက် ပိုပြီး ဈေးတက်လာနေပါတယ်။

“ ခေါက်ဆွဲစားမှာလား အသားစာမှာလား။ ဟောကာစင်တာထဲ ဝင်စားကြည်တဲ့အခါ ဈေးနှုန်းတွေက ကြောက်စရာ ကောင်းအောင်တက်နေတာသိရလိမ့်မယ်။ အခုဆို ဆင့်၅၀ ဒါမှမဟုတ် တစ်ဒေါ်လာလောက်တက်နေပြီ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ ကံကောင်းထောက်မစွာပါပဲ။ အခုထက်ထိတော့ ထောက်ပို့မှုက ဖြတ်တောက်သွားတာတော့မရှိသေးဘူး။ ပင်လယ်ရပ်ခြားက တင်သွင်းတဲ့ ပစ္စည်းအများစုကတော့ ယခုထက်ထိရနေသေးတယ်။ ဒါပေမယ့် ဈေးကတော့ အများကြီး တက်သွားပြီ” လို့ တန်လော့ခ်အုပ်စုရဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်တဲ့ အင်ဒရူး တီဂျိုးကပြောပါတယ်။

လျှပ်စစ်ဓာတ်အားခ၊ကုန်ကြမ်းနှင့် လုပ်အားခတွေဈေးတက်လာတာက နေစဉ်မရှိမဖြစ်သုံးရတဲ့ ပစ္စည်းတွေနှင့် စားသောက်ကုန်ဈေးတွေကို မြင့်တက်လာစေပါတယ်။ လတ်တလောမှာ ကမ္ဘာ့ရေနံစိမ်းဈေးတွေတက်လာတာကြောင့် ဇန်နဝါရီ၃၁ရက်ကစပြီး ဓာတ်ဆီနှင့်ဒီဇယ်ဈေးနှုန်းတွေ ၂၅ရာခိုင်နှုန်းမြင့်တက်လာလို့ ခရီးသွားတဲ့ ပြည်တွင်းကသူတွေ အတွက် ကုန်ကျစရိတ်တွေမြင့်တက်မှုနှင့်ကြုံနေကြရတာဖြစ်ပါတယ်။

အဲဒီအပြင် တစ်ပတ်ရစ်အိမ်ခန်းတွေနှင့် အများပိုင်အိမ်ရာတွေရဲ့ ဈေးနှုန်းတွေကလည်း စင်္ကာပူမှာ ၁၀.၆ရာခိုင်နှုန်းကနေ ၁၂.၇ ရာခိုင်နှုန်းအထိ တက်လာနေပါတယ်။ မနှစ်ကထက်စာရင် အများကြီးမြင့်တက်လာတာဖြစ်ပါတယ်။

Source CMG