Published 27 February 2022

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သူ့အနေနှင့် ရုရှားတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ရွေးချယ်စရာ နည်းလမ်းနှစ်ခုပဲရှိတယ်။ “ တတိယကမ္ဘာစစ်ကိုစတင်မလား” ဒါမှမဟုတ် ရုရှားကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုနှင့်တိုက်ခိုက်မလားဆိုတာပဲဖြစ်တယ်လို့  အင်တာဗျူးတစ်ခုမှာပြောလိုက်ပါတယ်။ သူက သရုပ်ဆောင်နှင့် ပေါ့တ်ကတ်စ်တင်ဆက်သူ ဘရီယန်တိုင်လာကိုဟင်နှင့် အင်တာဗျူးမှာပြောလိုက်တာဖြစ်ပြီး အဲဒီအင်တာဗျူးကို စနေနေ့က အွန်လိုင်းမှာတင်ခဲ့ပါတယ်။

“ ကြည့်လိုက်ပါ။ရွေးချယ်စရာနည်းလမ်းက(၂)ခု၊ တတိယကမ္ဘာစစ်တစ်ခု ကိုစလိုက်ပြီး ရုရှားနှင့်လက်တွေ့စစ်ဖြစ်မလား။ ဒါမှမဟုတ် နံပါနှစ်ဖြစ်တဲ့ နိုင်ငံတကာဥပဒေကိုဆန့်ကျင်တဲ့နိုင်ငံတစ်နိုင်ငံကို သူအဲသလိုလုပ်တဲ့အတွက် တန်ရာတန်ကြေး ပေးဆပ်ရအောင် အသေအချာလုပ်မလား” လို့ ဘိုင်ဒင်က အဲဒီပေါ့တ်ကတ်စ်မှာ ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်ရက်က ဘိုင်ဒင်ဟာ ရုရှားဘဏ်ပေါင်းစုံ၊လူတစ်ဦးချင်းစီ အများအပြားနှင့် နည်းပညာတင်ပို့မှုတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ သောကြာနေ့မှာ အိမ်ဖြူတော်က ရုရှားသမ္မတဗလက်ဒီမာပူတင်၊နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့နှင့် ရုရှား လုံခြုံရေး ကောင်စီအဖွဲ့ဝင်တွေကို ပစ်မှတ်ထားအရေးယူတာကို နောက်တစ်ကျော့ထပ်လုပ်ခဲ့ပါတယ်။

ရုရှားနှင့် ယူကရိန်းအကြား ပဋိပက္ခကို စစ်ရေးအရဝင်စွက်ဖက်တာကို အမေရိကန်က မလုပ်ဘူးလို့ ဘိုင်ဒင်က တောက်လျောက်ပြောဆိုနေခဲ့ပါတယ်။ ဒါပေမယ့် ယူကရိန်းကိုစစ်ရေးအထောက်အပံ့တွေတိုးမြှင့်ပေးလိုက်ပြီး နေတိုးနှင့် အရှေ့ဥရောပကို အမေရိကန်တပ်ထောင်ပေါင်းများစွာ စေလွှတ်ထားပါတယ်။

စစ်ရေးဆောင်ရွက်မှုတွေမစခင်မှာပဲ ယူကရိန်းကိစ္စ ဝင်စွက်ဖက်တဲ့ အခြားနိုင်ငံတွေအနေနှင့် သမိုင်းမှာကြုံဖူးတာထက် ပိုပြီး ကြီးမားတြ့ အကျိုးဆက်တွေရင်ဆိုင်ရလိမ့်မယ်လို့ ပူတင်က သတိပေးခဲ့ပါတယ်။

Source RT/Agencies