Published 20 February 2022

သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းအသစ်တစ်ခုဖြစ်တဲ့ Truth Social ဟာ ဖေဖော်ဝါရီ(၂၁)ရက် တနင်္လာနေ့(မနက်ဖန်)မှာ အက်ပဲလ်ရဲ့ စတိုးကနေ စတင်လွှင့်တင်တော့မယ်လို့ ရိုက်တာကရေးသားပါတယ်။

ရိုက်တာက တွေမြင်ခဲ့ရတဲ့ အမှုဆောင်အရာရှိတစ်ဦးစမ်းသပ်အသုံးပြုနေတဲ့ အဲဒီအက်ပလီကေးရှင်းမှာ တင်ထားတဲ့ ပို့စ်တစ်ခုအရ သိရတာလို့ သတင်းကရေးသားပါတယ်။

သောကြာနေ့က စမ်းသပ်အသုံးပြုသူတွေထဲက ဘီလီဘီလ်လို့ဖော်ပြထားတဲ့ Truth Social ကွန်ယက်ရဲ့ ထုတ်ကုန်အရာရှိချုပ်က ဖိတ်ခေါ်ပြီးစမ်းသပ်အသုံးပြုခွင့်ရတဲ့သူတွေရဲ့ မေးခွန်းတွေကို သူ့ရဲ့ တရားဝင်အကောင့်ကနေ ပြန်လည်ဖြေကြားခဲ့ပါတယ်။တစ်ဦးက ဒီအက်ပလီကေးရှင်းကို ဘယ်တော့စသုံးနိုင်မလဲလို့မေးတဲ့အခါ “ ကျွန်တော်တို့ ဖေဖော်ဝါရီ၂၁ရက် တနင်္လာနေ့မှာ စတင်အသုံးပြုနိုင်ဖို့ လက်ရှိမှာ စီစဉ်ထားပါတယ်” လို့ သူကပြန်ဖြေထားပါတယ်။

ရိုက်တာက screenshots မှာ မြင်ခဲ့ရတဲ့ မှာ အက်ပလီကေးရှင်းရဲ့ဗားရှင်းဟာ အဆင့်(၁၀)ဖြစ်နေပြီး ဒါဟာ အများပြည်သူသုံးနိုင်တဲ့အဆင့် လို့ ဆိုပါတယ်။ဗုဒ္ဓဟူးနေ့ညအထိ ဗားရှင်းက (၉)အထိပဲရှိသေးတာဖြစ်ပါတယ်။

 Source Reuters