Published 20 February 2022

ယူကရိန်းနိုင်ငံ ရုပ်သံလိုင်းတစ်ခုမှာ ဖေဖော်ဝါရီ(၁၉)ရက်က  ဆွေးနွေးခန်း တိုက်ရိုက်တင်ဆက်နေစဉ် သတင်းထောက်တစ်ဦးက ရုရှားလိုလားတဲ့ ယူကရိန်းနိုင်ငံရေးသမားတစ်ဦးကို လက်သီးနှင့်ထိုးခဲ့ပါတယ်။

သတင်းထောက်ယူရီဘူတူဆော့ဗ်က ရုရှားလိုလားတဲ့ အတိုက်အခံပါတီ For Life က ပါလီမန်အမတ်နက်စတာရှုဖရစ်ကို ဆွေးနွေးခန်းတိုက်ရိုက် ထုတ်လွှင့်နေစဉ်အတွင်း လက်သီးနှင့်ဆတ်ခနဲထိုးခဲ့ပါတယ်။ သူ့မျက်နှာကိုရိုက်လိုက်ပြီးနောက် တစ်မိနစ်ခန့်ကြာသည်အထိ သူ့လည်ပင်းကိုချုပ်ထားပါတယ်။ ရှူဖရစ်ဟာ ယူကရိန်းပါလီမန်အမတ်၄၅၀ ဦးထဲက တစ်ဦးဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ တစ်မိနစ်နီးပါး လုံးထွေးသတ်ပုတ်ခဲ့ကြတာကို ရုပ်သံမှာမြင်တွေ့ရပါတယ်။ အခြာသူတွေက သူတို့နှစ်ဦးကို ခွဲထုတ်ဖို့ ဝိုင်းကြိုးစားကြပါတယ်။

ယူကရိန်းနာတီဗွီရဲ့ ရုပ်သံတင်ဆက်သူ ဆာဗစ်ရှုစတားရဲ့“ လွတ်လပ်စွာပြောဆိုခွင့်” ဆိုတဲ့ ပုံမှန်ဆွေးနွေးခန်းအစီအစဉ်မှာ ရှုဖရစ်နှင့်အတူ  အနောက်လိုလားတဲ့ ယူကရိန်းဝန်ကြီးချုပ်ဟောင်း အာဆင်နီယက်ဆင်ယတ်နှင့် သမ္မတဟောင်း ပီထရိုပိုရိုရှင်ကိုတို့ကလည်း  ပါဝင်ဆွေးနွေးကြတာဖြစ်ပါတယ်။

ဆွေးနွေးခန်းအတွင်း ဝန်ကြီးချုပ်ဟောင်း ယက်ဆင်ယတ်က ရှုဖရစ်ကို “ပူတင်ဟာ လူသတ်သမားနှင့်ရာဇဝတ်ကောင်ဟုတ်သလား မဟုတ်ဘူးလား” လို့မေးခဲ့ပါတယ်။ ရှုဖရစ်က ပူတင်ကို ရှုတ်ချဖို့ ငြင်းဆန်ခဲ့ပါတယ်။

“ ယူကရိန်းအာဏာပိုင်တွေ ဒီပြသနာကိုရှင်းကြပါစေ” လို့သူကတုန့်ပြန်ခဲ့ပါတယ်။

အဲဒီအခါသမ္မတဟောင်း ပိုရိုရှင်ကိုက  “ ဒီစတူဒီထဲမှာ ရုရှားသူလျှိုတစ်ယောက်ရောက်နေပြီ” လို့ သူ့ရဲ့တုန့်ပြန်ချက်အပေါ် ပြန်သရော်ခဲ့ပါတယ်။

အော်ကျယ်ဟစ်ကျယ်ဖြစ်ပြီးတဲ့နောက် သွေးစွန်းပေနေတဲ့ ရှဖရစ်က ဆွေးနွေးပွဲပြန်ဆက်ဖို့ ပြန်ထိုင်ခဲ့ပါတယ်။ သူက သတင်းထောက် ဘူတူဆော့ဗ်ကို “ ကုတ်ခြစ်လိုက်တာ တကတည်း ကောင်မလေးတစ်ယောက်လိုပဲ” လို့ပြန်လှောင်ပြောင်ခဲ့ပါ သေးတယ်။

ယူကရိန်းကိုရုရှားကျူးကျော်မယ့် အရိပ်အငွေ့တွေ လက်ငင်းဖြစ်ပေါ်နေချိန်မှာ ဒီဆွေးနွေးခန်းရိုက်ကူးတင်ဆက်ခဲ့ တာ ဖြစ်ပါတယ်။

Source: Business Insider/twitter@gkates>