#PhotoNews

#သတင်းဓါတ်ပုံ

Published 18 Feb 2022

နာမည်ကြီးအမှတ်တံဆိပ်ဇိမ်ခံကား Porsches အစီးရေ၁၁၀၀ အပါအဝင် အခြားဇိမ်ခံကားတွေ ထောင်ချီတင်ဆောင်လာတဲ့ Felicity Ace အမည်ရ ကားတင်သင်္ဘောကြီးတစ်စင်းဟာ ကြာသပတေးနေ့က ပေါ်တူဂီနိုင်ငံ အေဇော့ ကမ်းလွန်မှာ မီးလောင်မှုဖြစ်ပွားပြီး ပင်လယ်ထဲမျောပါနေခဲ့ပါတယ်။ မီးဟာ ဗုဒ္ဓဟူးနေ့ မနက်မှာစတင်လောင်ကျွမ်းတာဖြစ်ပြီး သင်္ဘောသား(၂၂)ဦးကို ကယ်တင်လိုက်နိုင်ကြပါတယ်။ သင်္ဘောဟာ ဖေဖော်ဝါရီ၁၀ရက်က ဂျာမနီနိုင်င့ အမ်ဒင်ဆိပ်ကမ်းကထွက်ခွာလာပြီး ဒါဗစ်ဗီလီကို ဗုဒ္ဓဟူးနေ့ဆိုက်ကပ်ဖို့ခရီးစဉ်ရှိခဲ့တာဖြစ်ပါတယ်။

Source:NYTimes