Published 15 Feb 2022

ရုရှားဟာ ယင်းရဲ့ အနောက်မြောက်ဖက်ဒရယ်ဒေသတလျောက်မှာ စစ်ရေးလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။

အာတိတ်ဒေသမှာ ရုရှားမြောက်ပိုင်းရေတပ်စုရဲ့ ယာဉ်တင်တပ်ရင်းတစ်ခုဟာ လက်တွေ့ပစ်ခတ်လေ့ကျင့်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

ရုရှားစစ်သားတွေဟာ တင့်ကားဖျက်သေနတ်တွေ၊ဟောင်ဝဇာအမြောက်တွေနှင့်အခြားသော လက်နက်ကြီးများဖြင့် ဖန်တီးထားတဲ့ ရန်သူရဲ့ တင့်ကားတပ်တစ်ခုကို ချေမှုန်းခဲ့ကြပါတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။

လီနင်ဂရက် စီရင်စုမှာလည်း အနောက်ဖက်စစ်ဒေသတိုင်းဟာ T-72 အမျိုးအစားအပါအဝင် တင့်ကားများစွာကို စေလွှတ်ပြီး အလျင်အမြန်စစ်ချီတဲ့‌ လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပါတယ်။

လေ့ကျင့်မှုများအတွင်း ရုရှားတပ်တွေဟာ သစ်တော၊နှင်းကျနေတဲ့မြေပြင်လို အထူးမြေပြင်အခြေအနေတွေနှင့် စစ်ရေး လေ့ကျင့်ခဲ့ကြပြီး တင့်ကားတွေကိုလည်း လက်တွေ့ပစ်ခတ်ပြီး လေ့ကျင့်ခဲ့ကြပါတယ်။

Source CMG/MOD,Russia