Published 7 Feb 2022

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းအူဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ ရေတိမ်အရပ်တွေမှာ နေရပ်ပြောင်းရွှေ့ လာကြတဲ့ ဝိုပါငန်းအုပ်ကြီးတစ်အုပ်‌ ရောက်ရှိလာကြပါတယ်။  အဲဒီငန်းတွေဟာ အိန္ဒိယတိုက်ငယ်ကိုအသွားမှာ ခရီးတစ်ထောက်အဖြစ်ရောက်ရှိနေတာပါ။

ငန်းအကောင် သုံးရာကျော်ဟာ နွေဦးရာသီပွဲတော်အားလပ်ရက်ဖြစ်တဲ့ ဇန်နဝါရီ၃၁ရက်ကနေ ဖေဖော်ဝါရီ(၆)ရက်အတွင်း မန်နက်စ်အမျိုးသားရေတိမ်ဥယျဉ်ကိုရောက်ရှိခဲ့ကြပါတယ်။

လွန်ခဲ့တဲ့နှစ်များအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေ ကြိုးစားအားထုတ်မှုတွေကြောင့် ငှက်တွေဆောင်းခိုရာဒေသအဖြစ် ရေတိမ်ဥယျဉ်ဟာ ခေတ်စားလာခဲ့ပါတယ်။

Source CCTV Plus