Published 6 Feb 2022

နှင်းတွေထူထပ်စွာကျနေတာကြောင့် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကန်စုပြည်နယ်ရဲ့ တျန်ရှီးမြို့မှာတည်ရှိတဲ့ ကမ္ဘာ့အမွေအနှစ်နေရာ မေဂျီဂူထွင်းပန်းပုတွေဟာ နှင်းတွေကြားက အင်မတန်လှပတဲ့ ရှုမျှော်ခင်းတစ်ခုကို ဖန်တီးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။

နှင်းတွေဖုံးလွှမ်းနေတဲ့ ဘေးပတ်ပတ်လည်တောင်တွေကာရံထားတဲ့ မေဂျီတောင်ဂူထွင်းပန်းချီတွေထဲ ဗုဒ္ဓရှင်တော်မြတ်ရဲ့ ရုပ်ပွားတော်တွေကို ရွှံစေးဖြင့်ထုထွင်းထားတာတွေပါဝင်ပါတယ်။အဲဒီရုပ်ပွားတော်တွေနှင့် ဂူတွေကို  မတ်စောက်တဲ့ကျောက်ထထရံတွေအပေါ်မှာ ထင်ရှားပြတ်သားစွာ ဖူးမြင်တွေ့ကြရပါတယ်။

မေဂျီတောင်မှာ ဂူပေါင်း၂၂၁ဂူနှင့် ရွှံ့စေးပန်းပုလက်ရာပေါင်း တစ်သောင်းကျော်ရှိပါတယ်။ အဲဒါတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၀၀ကျော်ကတည်းက တည်ရှိနေခဲ့တာဖြစ်ပါတယ်။

ဂျုံရိုးတံတွေနှင့်တူလှလို့ မေဂျီလို့ အမည်ပေးခဲ့တဲ့ အဲဒီတောင်မှာ အေဒီ၃၈၄မှ၄၁၇ အထိ ပထမဆုံးနံရံထွင်းပန်းပုတွေစတင် ထုလုပ်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံရဲ့ အထင်ရှားဆုံးဂူထွင်းပန်းပုလက်ရာတွေထဲကတစ်ခုဖြစ်ပြီး “ အရှေ့တိုင်း၏ပန်းပုပြတိုက်” လို့အမည်တွင်ပါတယ်။

 Source CCTV Plus