#World_News
Published 7 June 2023


အမျိုးသားဆီးသွားရာမှာ အမှန်ကန်ဆုံးနည်းလမ်းက မတ်တပ်ရပ်သွားခြင်းမဟုတ်ဘဲ အိမ်သာမှာထိုင်သွားခြင်းသာဖြစ်တယ်လို့ ဗြိတိန်ဆီးလမ်းကြောင်းပါရဂူက ဆိုလိုက်ပါတယ်။

 

နိုင်ငံ ၁၃ နိုင်ငံမှ အမျိုးသား ၇ ထောင်ကျော်ကို စစ်တမ်းကောက်ခံခဲ့ကြပါတယ်။


အများစုက ဆီးသွားတဲ့အခါ မတ်တပ်ရပ်သွားကြတယ်လို့ ဖြေဆိုကြပါတယ်။

 

ဂျာမနီအမျိုးသား ၄၀ ရာခိုင်နှုန်းက ထိုင်လျက်ဆီးသွားကြပြီး အမေရိကန်အမျိုးသားတွေကတော့ ၁၀ ရာခိုင်နှုန်းရှိပါတယ်။

 

ထိုင်တဲ့အခါ ဆီးခုံကြွက်သားတွေနဲ့ ကျောရိုးပြေလျော့သွားကာ ဆီးသွားရပိုမိုလွယ်ကူစေပါတယ်။

 

အသက်အရွယ်ကြီးလာလို့ ဆီးကျိတ်ပြဿနာရှိသူတွေမှာ ထိုနည်းလမ်းက အလွန်လွယ်ကူစေနိုင်ပါတယ်။

 

ထိုင်ပြီးဆီးသွားတာက ယောက်ျားမပီသဘူးလို့ ယူဆကြတာကြောင့် အသက်ကြီးသူအမျိုးသားတွေက မထိုင်ကြတာဖြစ်တယ်လို့ တွေ့ရှိထားပါတယ်။

 

အသက် ၅၅ နှစ်အထက် အမေရိကန်လူမျိုး ၃၅ ရာခိုင်နှုန်းလောက်ဟာ ဘယ်တော့မှထိုင်ပြီးဆီးမသွားဘဲ အသက် ၁၈ နှစ်မှ ၂၄ နှစ်အတွင်းကတော့ ၂၁ ရာခိုင်နှုန်းဖြစ်ပါတယ်။

 

အခုဆိုရင် ဂျာမနီမှာ ထိုအလေ့အထပြောင်းလဲလာပြီး အများသုံးအိမ်သာတွေမှာ အမျိုးသားတွေ မတ်တပ်ရပ်မသွားနိုင်အောင် သတိပေးနေပါပြီ။

 

အများသုံးအိမ်သာတွေမှာ မတ်တပ်ရပ်ဆီးသွားတဲ့အခါ ဘေးဘက်တွေကိုလည်း ဆီးစင်နိုင်တာကြောင့် ဂျာမနီအကြီးအကဲဟောင်း'အိန်ဂျလာမာကယ်လ်'က ဝေဖန်ဖူးပါတယ်။

 

လေ့လာချက်တစ်ခုအရ ဆီးစက်တွေက လွင့်စင်လာပြီး ၃ မီတာလောက်အထိ လွင့်ထွက်နိုင်ပါတယ်။

 

အဖုံးမပိတ်ဘဲ ရေအိမ်ဆွဲချတဲ့အခါမှာလည်း ပိုးမွှားတွေလွင့်စင်နိုင်တယ်လို့ ကိုလိုရာဒိုဘိုလ်ဒါတက္ကသိုလ်က တင်ပြထားပါတယ်။

 

Source: The Jerusalem Post #World_News #မတ်တပ်ရပ်ပြီးဆီးမသွားသင့်ကြောင်းပညာရှင်များဆို #YMG #Yangon_Media_Group