နယ်စပ်လုံခြုံရေးကိုတင်းကြပ်ထားတဲ့ကြားကနေ မြန်မာနိုင်ငံနယ်စပ်မှာရှိတဲ့ တရုတ်နိုင်ငံရွှေလီမြို့မှာ ကိုဗစ်-၁၉ကူးစက်မှုတွေကြောင့် တရုတ်နိုင်ငံမှာ ခြောက်လအတွင်းအမြင့်ဆုံး အဆင့်ရောက်လာတဲ့အထိများပြားလာနေတယ် လို့ တရုတ်အရာရှိတွေကပြောဆိုပါတယ်။ ဗုဒ္ဓဟူးနေ့မှာ တရုတ်နိုင်ငံမှာ ကူးစက်မှုအသစ်၅၇ဦးတွေ့ရှိရပြီး အဲဒီအထဲမှာ ၁၅ဦးကရွှေလီကဖြစ်တယ်လို့ဆိုပါတယ်။အဲဒီ၁၅ဦးထဲမှာ ၁၂ဦးက မြန်မာတွေဖြစ်တယ်လို့ ယူနန်ပြည်နယ်အစိုးရကျန်းမာရေးဌာနကပြောပါတယ်။