ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ လေထုညစ်ညမ်းမှုဟာ အန္တရာယ်ရှိတဲ့အဆင့်ရောက်ရှိလာတာကြောင့် လူတွေကို အိမ်ထဲမှာပဲနေထိုင်ကြဖို့နှင့် အိမ်ကနေပဲ အလုပ်တွေလုပ်ကြဖို့ အာဏာပိုင်တွေက ပြည်သူတွေကို ပန်ကြားလိုက်ရပါတယ်။

တောမီးလောင်တာနှင့် တောင်သူတွေက ရိုးပြတ်တွေကို မီးရှို့တာတွေကြောင့် နာမည်ကျော် ကမ္ဘာလှည့်ခရီးသွားဒေသဖြစ်တဲ့ ချင်းမိုင်မြို့ပေါ်မှာ မီးခိုးတွေဟာ  ပြီးခဲ့တဲ့အပတ်တွေကတည်းက ဖုံးအုပ်နေခဲ့ရပါတယ်။

Source AFP

#ချင်းမိုင်လေထုညစ်ညမ်းမှုအန္တရာယ်

#ထိုင်းနိုင်ငံလေထုညစ်ညမ်းမှု

#YangonMediaGroup