Published 31 March 2023

အိန္ဒိယနိုင်ငံက ဟိန္ဒူ ဘုရားကျောင်းမှာ  ကြမ်းခင်း တစ်ခုပြိုကျခဲ့ရာ အခု မတ်လ ၃၁ရက်သောကြာနေ့အထိ သေဆုံးသူ ၃၅ ဦးရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေပါတယ်။

အိန္ဒိယနိုင်ငံ အလယ်ပိုင်းက အင်ဒိုးမြို့ရဲ ဟိန္ဒူဘုရားကျောင်းထဲမှာရှိတဲ့  အများသုံးလှေကားထစ်ရေတွင်းကြီးကိုဖုံးအုပ်ပေးထားတဲ့ ကြမ်းခင်းပြိုကျပြီးနောက် ဒါဇင်ပေါင်းများစွာသော ဝတ်ပြုဆု တောင်းသူတွေ အဲဒီရေတွင်းကြီးထဲ ပြုတ်ကျသေဆုံးခဲ့ကြရတာဖြစ်ပါတယ်။

Source AFP

#အိန္ဒိယနိုင်ငံဟိန္ဒူဘုရားကျောင်းဝင်းကြမ်းခင်းပြိုကျ

#အိန္ဒိယဟိန္ဒူပွဲတော်ကြမ်းခင်းပြိုကျ

#YangonMediaGroup