Published 27 March 2023

လေယာဉ်ပျံကိုရူးသွပ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံက အမျိုးသား တစ်ဦးဟာ သူကိုယ်တိုင်က လေယာဉ်ပျံတစ်ခါမျှမစီးဖူး  သော်လည်း သူ့ရဲ့အိမ်ကို ကိုယ်ပိုင် ဂျက်လေယာဉ်တစ်စီးဒီဇိုင်းနှင့် တည်ဆောက်ခဲ့ပါတယ်။

သူဟာ ခရတ်ပေါင် ဆိုတဲ့ ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးဖြစ်ပါတယ်။ သူဟာ သူတစ်သက်တာ လုံးစုဆောင်းလာခဲ့တဲ့  ဒေါ်လာ နှစ်သောင်းခန့်ကိုအသုံးပြုပြီး ကွန်ကရစ်နှင့်ပြုလုပ်ထားတဲ့ လေယာဉ်ပျံအိမ်တစ်လုံးကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီလေယာဉ်ပျံအိမ်ကလေးဟာ တောင်ပံတွေ၊အမြီး၊ လေယာဉ်ဆင်းဂီယာနှင့်အင်ဂျင်တွေပါ ပုံစံထုတ်တပ်ဆင်ထားပါတယ်။ သူ့ရဲ့အိမ်ဟာ နာမည်ကျော် အန်ကာဝပ်ဘုရားကျောင်းတော်ကြီးတည်ရှိရာ ကမ္ဘောဒီးယား နိုင်ငံ ဆီရမ်ယိမြို့အနီးမှာတည်ရှိပါတယ်။

Source AFP

#လေယာဉ်ပျံစွဲလမ်းသူကမ္ဘောဒီးယားအမျိူးသား

#ဂျက်လေယာဉ်အိမ်

#YangonMediaGroup