#World_Science
Published 19 March 2023

 

Amazon.com က ၂၀၂၄ ပထမနှစ်ဝက်မှာ သူတို့ရဲ့ပထမဆုံးအင်တာနက်ဂြိုဟ်တုများကို လွှတ်တင်ရန်စီစဉ်နေပြီး မကြာမီမှာ ကနဦးစမ်းသပ်မှုများပြုလုပ်ရန် တောင်းဆိုထားကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

 

Amazon က အီလွန်မက်စ်ရဲ့ SpaceX ၊ အခြားကုမ္ပဏီများနဲ့အတူ ကမ္ဘာတဝှမ်းမှာ မြန်နှုန်းမြင့်အင်တာနက်ပံ့ပိုးရန် ပြင်ဆင်နေပါတယ်။
Amazon ဂြိုဟ်တုအင်တာနက်အစီအစဉ် Kuiper စီမံကိန်းဟာ ယခုနှစ်နောက်ပိုင်းမှာ ဂြိုဟ်တုအမြောက်အများထုတ်လုပ်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။

 

ဒါတွေဟာ ကမ္ဘာပတ်လမ်းကြောင်းအနိမ့်မှာ ပထမဆုံးလွှတ်တင်မယ့် ဂြိုဟ်တု ၃ ထောင်ကျော်ဖြစ်လာမှာပါ။

 

၂၀၂၄ မှာ သုံးစွဲသူများနဲ့ သေချာပေါက်စမ်းသပ်သွားမယ်လို့ Amazon ကိရိယာများ ဒုက္ကဌ'ဒေ့ဗ်လမ့်'က ဝါရှင်တန်မှာ ပြောကြားခဲ့ပါတယ်။

 

Amazon က သန်းပေါင်းများစွာသော ကိရိယာတွေထုတ်လုပ်နေရာ အာကာသမှာ ဂြိုဟ်တု ၄ ထောင်ခန့်ရှိထားပြီးဖြစ်တဲ့ အီလွန်မက်စ်ရဲ့ SpaceX အပေါ် အနည်းငယ်အသာရနေတယ်လို့ ယူဆရပါတယ်။

 

ပတ်လမ်းကြောင်းရှိ Kuiper ဂြိုဟ်တုတွေကို သုံးစွဲသူတွေချိတ်ဆက်နိုင်စေရန် အန်တင်နာ ၃ မျိုးကိုလည်း ဖော်ပြခဲ့ပါတယ်။

 

သုံးစွဲသူတွေထံ တစ်စက္ကန့်ကို ၄၀၀ မဂ္ဂါဘစ်အင်တာနက်မြန်နှုန်းရရှိစေမယ့် ၄၀၀ ဒေါ်လာတန် ၁၁ လက်မစတုရန်းလက်မရှိတဲ့ အန်တင်နာကို Amazon က ဖော်ပြခဲ့ပါတယ်။

 

ဒီထက်ပိုသေးပြီး ၇ လက်မကျယ်တဲ့ အန်တင်နာကတော့ ပိုမိုတတ်နိုင်ဖွယ်ရှိနေကာ ဈေးနှုန်းကိုတော့ မဖော်ပြထားပါဘူး။

 

အစိုးရနဲ့ ဆက်သွယ်ရေးကွန်ရက်များအတွက် Amazon ရဲ့ အကြီးဆုံးအန်တင်နာကတော့ ၁၉ x ၃၀ လက်မရှိကာ တစ်စက္ကန့်ကို အင်တာနက်မြန်နှုန်း ၁ ဂစ်ဂါဘစ်အထိရနိုင်ပြီး ရုပ်သံအရည်အသွေးမြင့် ဇာတ်ကားတစ်ကားကို စက္ကန့်မျှဖြင့် ဒေါင်းလုပ်ဆွဲနိုင်မှာဖြစ်ပါတယ်။

 

#Source: India Today #World_Science #ဂြိုဟ်တုပေါင်း(၃)ထောင် #Amazon #YMG#Yangon_Media_Group