#World_Business
Published 15 March 2023

 

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ Meta လုပ်ငန်းစုက ယခုနှစ်အတွင်း အလုပ်အကိုင်နေရာပေါင်း ၁ သောင်း လျှော့ချသွားမယ်လို့ အင်္ဂါနေ့ကပြောကြားလိုက်ကာ ကုမ္ပဏီရဲ့ စီးပွားရေးအလွန်အမင်းကျဆင်းခြင်းကြောင့် ဒုတိယအကြိမ်မြောက် ဝန်ထမ်းအများအပြား လျှော့ချမယ့်အကြောင်း ကြေညာလာတာဖြစ်ပါတယ်။

 

ဒါတွေဟာ ကုမ္ပဏီက နေရာပေါင်း ၅ ထောင်အတွက် ခန့်အပ်မယ့်အစီအစဉ်ကို ဖျက်သိမ်းကာ ဦးစားပေးနိမ့်ကျတဲ့ စီမံကိန်းများကို ဖယ်ရှားပြီး အလယ်အလတ်ပိုင်း စီမံခန့်ခွဲမှုအရာများကို ချုံ့ပစ်တာတွေ ပါဝင်လာနိုင်တဲ့ ပြန်လည်ဖွဲ့စည်းမှု တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

 

ဆောင်းဦးကာလတုန်းက ကုမ္ပဏီရဲ့ ဝန်ထမ်းအင်အား ၁၁,၀၀၀ ကျော် ၁၃ ရာခိုင်နှုန်းကျော်ကို ပထမဆုံးအကြိမ် အစုလိုက်ထုတ်ပယ်ခဲ့ပါတယ်။

 

အတိုးနှုန်းတက်လာခြင်းကြောင့် စီးပွားရေးကျဆင်းလာကာ ပြီးခဲ့တဲ့လများအတွင်း အမေရိကမှာ အစုလိုက်အလုပ်အကိုင် ထုတ်ပယ်ခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။

 

အလုပ်နေရာထုတ်ပယ်တဲ့နေရာမှာ နည်းပညာကုမ္ပဏီတွေက ထိပ်ဆုံးကဖြစ်နေပြီး ၂၀၂၂ အစပိုင်းကနေဆိုရင် ဝန်ထမ်းပေါင်း ၂၉၀,၀၀၀ ကျော် အလုပ်ထုတ်ခံထားရပါတယ်။

 

Meta ကနေ ဝန်ထမ်းများထုတ်ပယ်ခြင်းက အထင်ရှားဆုံးဖြစ်နေပြီး ငွေကြေးဖောင်းပွမှုမြင့်လာခြင်းအပြင် အဓိကဒီဂျစ်တယ်ကြော်ငြာစီးပွားရေးမှာ ပြဿနာများရင်ဆိုင်နေရပြီး မာ့ခ်ဇူကာဘက်ရဲ့ အနာဂတ် metaverse အစီအစဉ်မှာလည်း ငွေအမြောက်အများ သုံးစွဲထားပါတယ်။

 

ဝန်ထမ်းလျှော့ချခြင်းအများစုကို လာမယ့် ၂ လအတွင်း ကြေညာဖွယ်ရှိပြီး အချို့ကတော့ နှစ်ကုန်အထိ ဆက်ရှိဖွယ်ရှိနေပါတယ်။

 

ဒီလိုအခြေအနေက နောက်နှစ်များစွာတိုင်အောင် ဆက်ရှိနေနိုင်တာကြောင့် ဖြစ်နိုင်ချေတွေအတွက် ကြိုတင်ပြင်ဆင်သင့်တယ်လို့ ထင်မြင်မိကြောင်း ဇူကာဘက်က ပြောကြားလိုက်ပါတယ်။

 

လုပ်ငန်းအတွင်း ပြန်လည်ဖွဲ့စည်းဖို့ကို ဧပရယ်နှောင်းပိုင်းမှာ ကြေညာဖွယ်ရှိပြီး စီးပွားရေးအဖွဲ့အစည်းတွေကိုတော့ မေလမှာ လျှော့ချဖွယ်ရှိပါတယ်။

 

Source: Reuters #World_Business #ဖေ့စ်ဘုတ်ခ် #facebook #ထပ်မံလျှော့ချ #YMG #Yangon_Media_Group