Published 14 March 2023

ဆီလီကွန်တောင်ကြားဘဏ်ပြိုလဲကျတဲ့ဂယ်ကြောင့် ပြိုလဲကျအပြီး (၂)ရက်အကြာမှာ တစ်ကမ္ဘာလုံးရဲ့ ငွေကြေးစတော့ ဈေးကွက်ဟာ အမေရိကန်ဒေါ်လာ ၄၆၅ ဘီလျံ ဆုံးရှုံးမှုတွေဖြစ်ပေါ်သွားတယ်လို့ ထိပ်တန်း စီးပွားရေးသတင်းဌာနကြီး ဖြစ်တဲ့ ဘလွမ်းဘတ်က ရေးသားပါတယ်။

ဆုံးရှုံးမှုတွေဟာ ယနေ့ မတ်လ ၁၄ရက် အင်္ဂါနေ့မှာ ပိုမိုကျယ်ပြန့်လာပြီး MSCI အာရှပစိဖိတ် ဘဏ္ဍာငွေကြေး ညွှန်းကိန်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၉ရက်နှင့်ယှဉ်ရင်  ၂.၇ ရာခိုင်နှုန်းပြုတ်ကျသွားခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ မစ်ဆူဘီရှီ ယူအက်ဖ်ဂျေ ငွေကြေးအုပ်စုကုမ္ပဏီဟာ တန်ဖိုး ၈.၃ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ ဟန်နာ ငွေကြေးအုပ်စုဟာ ၄.၇ ရာခိုင်နှုန်းကျဆင်းသွားပြီး ဩစတြေလျက အေအင်န်ဇက်အုပ်စုဟိုးလ်ဒင်းဟာ ၂.၈ ရာခိုင်နှုန်း ဆုံးရှုံးမှုတွေ အသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။

ဆီလီကွန်ဘဏ်ကိစ္စစိတ်ပူပန်မှုတွေကြောင့် ငွေချေးစာချုပ် bonds  နှင့် အခြားသော တန်ဆာပလာတွေအပေါ် ရင်းနှီးမြှပ်နှံမှုတွေ ရိုက်ခတ်နေတာကို ငွေကြေးကုမ္ပဏီတွေက တွေ့မြင်လာရပြီး စိုးရိမ်မှုတွေဖြစ်နေကြပါတယ်။

“ ငွေကြေးဈေးကွက်ဟာ အတော့်ကို သတိထားနေရတဲ့အခြေအနေဖြစ်နေတယ်” လို့ Credit Suisse Group AG ရဲ့ အာရှပစိဖိတ်ဆိုရာ ရင်းနှီးမြှပ်နှံမှုအရာရှိချုပ် ဂျွန်ဝုဒ်က ဘလွမ်းဘတ်ရုပ်သံ ကိုပြောပါတယ်။ “ ကျယ်ပြန်တဲ့ ဈေးကွက် ဝန်နးကျင်တစ်ခုလုံးမှာ ဘယ်လိုအကျိုးဆက်တွေရိုက်ခတ်မယ်ဆိုတာ ကျွန်တော်တို့အတိအကျသိဖို့လိုတယ် ။ ကျွန်တော်ထင်တာက Fed ဖက်ဒရယ်အရန်စနစ်ဟာ ဆိုင်းသွားကောင်းဆိုင်းနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေပေါ်လွယ်မှု အန္တရာယ်ကို ဖြေရှင်းစရာတွေအကြီးကြီးပဲလေ” လို့ သူကပြောပါတယ်။

MSCI World Financials Index နှင့် MSCI EM Financials Index တို့အပါအဝင် ကုမ္ပဏီတွေရဲ့ ဈေးကွက်စုပေါင်း တန်ဖိုးဟာ သောကြာနေ့ကတည်းကစတွက်ရင် အမေရိကန်ဒေါ်လာ ၄၆၅ ဘီလျံပြုတ်ကျသွားခဲ့ပါတယ်။ အဲဒီအထဲမှာ အမေရိကန်ရဲ့ ဒေသဆိုင်ရာဘဏ်တွေဟာ အထိခိုက်ဆုံးဖြစ်နေပါတယ်။ ဥရောပဘဏ်တွေနှင့်အာမခံအဖွဲ့အစည်းတွေရဲ့ ရှယ်ယာတွေဟာလည်း တနင်္လာနေ့က ကျဆင်းသွားခဲ့ပါတယ်။

ဒေသအတွင်းမှာ ဂျပန်ဘဏ်တွေဟာ ရှယ်ယာတန်ဖိုးအချိုးအစားမှာ  သဘာဝမကျတဲ့ ဆုံးရှုံးမှုအမြင့်မားဆုံးတွေထဲ ပါဝင်နေပါတယ်လို့ သိရပါတယ်။ Jimoto Holdings ၊ Tsukuba Bank နှင့် ‌Fukushima Bank တွေဟာ အနည်းဆုံး ၉ရာခိုင်နှုန်း သဘာဝမကျတဲ့ ဆုံးရှုံး ခဲ့ပါတယ်လို့ ဘလွမ်းဘတ်ကရေးသားဖော်ပြထားပါတယ်။

Source Bloomberg

#ဆီလီကွန်တောင်ကြားဘဏ်ပြိုလဲမှု

#ကမ္ဘာလုံးဆိုင်ရာငွေကြေးဆုံးရှုံးမှုဒေါ်လာ ၄၆၅ဘီလျံ

#YangonMediaGroup

#SVB Bank