#Health_Tips
Published 31 January 2023

ဒေါက်တာ'ယန်ကော်ဒယ်လ်'ဟာ တစ်တော့ပေါ်မှာ ဖော်လိုဝါ ၉ သောင်းကျော်ရှိတဲ့ ဆရာဝန်တစ်ဦးဖြစ်ပါတယ်။

 

လူတွေရေချိုးတဲ့အခါ သန့်ရှင်းရေးမလုပ်ဖြစ်ကြတဲ့ ခန္ဓာကိုယ်နေရာတွေအကြောင်း ဒေါက်တာက ဗီဒီယိုတစ်ခုတင်ခဲ့ရာမှာ ကြည့်ရှုသူ ၂ သန်းနီးပါးရှိသွားပါပြီ။

 

- ချက်

 

ပထမဦးဆုံးအနေနဲ့ ချက်ကို သန့်ရှင်းရေးလုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

 

- နားရွက်

 

လူတွေက နားရွက်အပေါ်ပိုင်းကို မသန့်ရှင်းကြသလို နားရွက်နောက်ဘက်ကိုလည်း သန့်ရှင်းရေးမလုပ်ကြပါဘူး။

 

ဒီနေရာတွေကို မဆေးကြောဘူးဆိုရင် အနံ့ဆိုးထွက်တတ်တယ်လို့ ပြောပြခဲ့ပါတယ်။

 

- လက်သည်း

 

လက်သည်းကြားတွေကို သန့်ရှင်းရေးလုပ်ဖို့ မေ့လျော့နေတတ်ပါတယ်။ ဒီနေရာတွေမှာ ဖုန်မှုန့်အညစ်အကြေးတွေ စုပြုံနေ‌တတ်ပါတယ်။

 

- ခြေထောက်

 

လူအများက ခြေထောက်ကို မသန့်ရှင်းကြဘူးလို့ 'ကော်ဒယ်လ်'က ယူဆထားပါတယ်။

 

ခန္ဓာကိုယ်အပေါ်ပိုင်းကနေ ဆပ်ပြာဆေးချလိုက်တဲ့ ရေတွေနဲ့တင်မကဘဲ ခြေထောက်ကိုပါ ဆပ်ပြာတိုက်ဖို့ လိုအပ်ပါတယ်။

 

- ခြေချောင်းများ

 

ဒါ့အပြင် ခြေချောင်းတွေကြားကိုလည်း သန့်ရှင်းပေးဖို့လိုပါတယ်။

 

ဒါမှ ရောဂါပိုးမကူးစက်နိုင်မှာဖြစ်ပြီး မှိုမစွဲစေရန်လည်း ရေချိုးပြီးတဲ့အခါ ခြောက်သွေ့အောင် ထားရပါမယ်။

 

Source: The Jerusalem Post
#Yangon_Media_Group