#World_Health
Published 25 January 2023

 

ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေက ထင်ထားတာထက် ပိုမိုဆိုးရွားနေကြောင်း သုတေသနအသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။

 

အမေရိကန်ရှိ သုတေသနအဖွဲ့တစ်ခုရဲ့ လေ့လာချက်အရ ကမ္ဘာတဝှမ်းရှိ လူသန်းပေါင်းများစွာဟာ ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေ ခံစားနေရပါတယ်။

 

နောက်ဆက်တွဲလက္ခဏာတွေအကြောင်း လေ့လာမှုမရှိခြင်းနဲ့ အချက်အလက်မရှိခြင်းတို့ကိုလည်း ထောက်ပြနေကြပါတယ်။

 

ကမ္ဘာတဝှမ်းမှာ ကိုဗစ်ရောဂါကူးစက်သူ တရားဝင်မှတ်တမ်းအရ ၆၅၁ သန်းရှိရာမှာ ၁၀ ရာခိုင်နှုန်းခန့်က ကိုဗစ်နောက်ဆက်တွဲလက္ခဏာ ခံစားနေကြရပါတယ်။

 

နောက်ထပ်လေ့လာမှုများအရ ဆေးရုံမတက်ခဲ့ရတဲ့ ကိုဗစ်လူနာတွေမှာ ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းလောက်က နောက်ဆက်တွဲလက္ခဏာ ခံစားကြရပြီး ဆေးရုံတက်ရတဲ့လူနာတွေမှာတော့ ၅၀ မှ ၇၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

 

ဒါပေမဲ့ လေ့လာမှုက ကိုဗစ်နောက်ဆက်တွဲလက္ခဏာအကြောင်း သေချာမသိသေးသလို တွေ့ရှိချက်အများအပြားကလည်း အစောပိုင်းလေ့လာချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

 

ကိုဗစ်ရောဂါကူးစက်ပြီးနောက် ၃ လအကြာမှာ နောက်ဆက်တွဲလက္ခဏာပေါ်တတ်ပြီး အနည်းဆုံး ၂ လခန့်ကြာတတ်ကာ အခြားအကြောင်းအရာများတော့ မရှင်းပြနိုင်သေးကြောင်း WHO က ဆိုထားပါတယ်။

 

ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်းတို့ အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲခြင်း ဒါမှမဟုတ် ထပ်ခါထပ်ခါဖြစ်ပေါ်ခြင်းတို့ ခံစားရတတ်ပါတယ်။

 

၂၀၂၀ နဲ့ ၂၀၂၁ အတွင်း နိုင်ငံ ၂၂ နိုင်ငံမှ ကိုဗစ်ကူးစက်သူ ၁.၂ သန်းရဲ့ အချက်အလက်တွေကိုလေ့လာခဲ့ရာ ၆.၂ ရာခိုင်နှုန်းသောသူတွေက နောက် ၃ လအကြာမှာ ကိုဗစ်နောက်ဆက်တွဲလက္ခဏာ ၁ မျိုးခံစားခဲ့ရပါတယ်။

 

နောက်ဆက်တွဲလက္ခဏာခံစားရသူ ၄၃ ရာခိုင်နှုန်းကို အထူးကြပ်မတ်ကုသခဲ့ရပြီး ၂၇.၅ ရာခိုင်နှုန်းကတော့ အထွေထွေကုသမှုဆောင်သို့ ပို့ဆောင်ခဲ့ရကာ ၅.၇ ရာခိုင်နှုန်းကတော့ ဆေးရုံမတက်ခဲ့ရဘူးလို့ ၂၀၂၂ အောက်တိုဘာလက American Medical Association ဂျာနယ်မှာ ဖော်ပြသွားပါတယ်။

 

Source: WION
#Yangon_Media_Group