Published 22 Jan 2023

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါဇနီပြည်နယ်မှာ အခုဆို -၁၅ ဒီဂရီစင်တီဂရိတ်ရှိတဲ့အထိ အအေးဓာတ်လွန်ကဲနေပါတယ်။ အဲဒီပြည်နယ်ရဲ့ ဘန်ဆာဒက်စ်ရေကန်ကြီးထဲမှာ အာဖဂန်အမျိုးသား ၃၀ကျော်ဟာ လေ့ကျင့်ခန်းအမျိုးမျိုးပြုလုပ်ကာ  အအေးဓာတ်ကို အံတုစိန်ခေါ်ပြသခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း အေးခဲလှိုင်းတစ်ခုဟာ အာဖဂန်နစ္စတန်တစ်လွှား ရိုက်ခတ်သွားခဲ့ပါတယ်။  ဂေါ် ပြည်နယ်မှာဆိုရင် -၃၃ ဒီဂရီစင်တီဂရိတ်အထိရောက်ရှိအေးခဲခဲ့ပါတယ်။

အဲဒီ အအေးလှိုင်းဒဏ်ကြောင့် လူပေါင်း အနည်းဆုံး ၇၈ ဦးအထိသေဆုံးခဲ့ရပါတယ်။

Source: AFP