#World_News
Published 22 Jan 2023

 

အိန္ဒိယ နိုင်ငံက ၂၀၂၂ ဂူဂျာရတ်အဓိကရုဏ်းအတွင်း ဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ခေါင်းဆောင်မှုအပေါ် မေးခွန်းထုတ်ထားတဲ့ ဘီဘီစီသတင်းကားကို ရုပ်သံထုတ်လွှင့်ခြင်းပိတ်ပင်လိုက်ပါတယ်။ အဲဒီအပြင် အဲဒီရုပ်သံကို မည်သည့်ဆိုရှယ်မီဒီယာတွင် ပြန်တင်ခြင်းတွေကိုပါ ပိတ်ပင်လိုက်တယ်လို့ ပြောပါတယ်။

 

အိန္ဒိယနိုင်ငံ သတင်းနည်းပညာဥပဒေတွေရဲ့အောက်က အစိုးရရဲ့ အရေးပေါ်အခွင့်အာဏာတွေကို အသုံးပြုပြီး အဆိုပါ ရုပ်သံကို မျှဝေခြင်း ပို့စ်တင်ခြင်းတွေကို ပိတ်ပင်တာဖြစ်တယ်လို့ အစိုးရ အကြံပေးတစ်ဦးဖြစ်တဲ့ ကန်ချန်ဂုပတာက တွစ်တာကနေ ကြေညာပါတယ်။

 

ဘီဘီစီက အဆိုပါရုပ်သံကို မထုတ်လွှင့်ရသေးခင် အချို့သော ယူကျုချယ်နယ်လ်တွေမှာ အဆိုပါဗွီဒီယိုကို တင်ထားခဲ့ကြပြီးဖြစ်ပါတယ်။

 

အိန္ဒိယအစိုးရက တွစ်တာကို အဆိုပါရုပ်သံလင့်ခ်တင်ထားတဲ့ တွစ်တာအကောင့် ၅၀ကျော်ကို ပိတ်ပစ်ဖို့ အမိန့်ထုတ်ထားပြီး ယူကျုကိုလည်း အဆိုပါရုပ်သံတင်ခြင်းကို ပိတ်ပင်တားဆီးပေးဖို့ ညွှန်ကြားလိုက်တယ်လို့ ဂုပတာက ပြောပါတယ်။ ယူကျုရော တွစ်တာရောက ညွှန်ကြားချက်ကို လိုက်နာကြတယ်လို့လည်း သူကပြောပါတယ်။

 

အဆိုပါရုပ်သံဟာ ဝါဒဖြန့်ဖို့ရည်ရွယ်ပြီး အပုတ်ချတဲ့ဇာတ်ညွှန်းသက်သက်ဖြစ်တယ်လို့ အိန္ဒိယအစိုးရနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့အပတ်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

 

လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့တဲ့ အဆိုပါ ဂူဂျာရတ်အဓိကရုဏ်းဖြစ်ပွားစဉ်က မိုဒီဟာ အဆိုပါပြည်နယ်ရဲ့ ဝန်ကြီးချုပ် ဖြစ်ပါတယ်။ ဟိန္ဒူ ဝတ်ပြုခရီးသည်တွေ တင်ဆောင်လာတဲ့ ရထားတစ်စီးမီးလောင်ပြီး လူ ၅၉ ဦးသေဆုံးတာကို အကြောင်းပြုပြီး အဓိကရုဏ်းဖြစ်ပွားခဲ့တာပါ၊

 

Source: Reuters

#Modi_BBC_Documentary

#India_Politics

While the BBC has not aired the documentary in India, the video was uploaded on some YouTube

#Yangon_Media_Group