Published 22 Jan 2023

အမေရိကန်ပြည်ထောင်စု၊ ဒယ်လာဝဲပြည်နယ် ဝီလ်မင်တန်က  သမ္မတဂျိုးဘိုင်ဒင်ရဲ့နေအိမ်ကို တရားရေးဌာနက ဇန်နဝါရီ ၂၀ရက် သောကြနေ့က ရှာဖွေမှုတွေပြလုပ်ခဲ့စဉ်အတွင်း လျှို့ဝှက်အဆင့်သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေ ထပ်မံတွေ့ရှိခဲ့တယ်လို့ သူ့ရဲ့ ကိုယ်ရေးရှေ့နေ ဘော့ဘော်ဝါက စနေနေ့နှောင်းပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

၁၉၇၃ခုနှစ်နှင့် ၂၀၀၉ခုနှစ်အတွင်း ဒယ်လဝဲ ဆီးနိတ်အမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလက လျှို့ဝှက်အဆင့် သတ်မှတ်ပေးထားတဲ့ စာရွက်စာတမ်းတွေအပါအဝင် စာရွက်စာတမ်း အနည်းဆုံး(၆)ခုတွေ့ရှိခဲတာလို့ ဘော်ဝါက ပြောပါတယ်။

ကျန်တဲ့စာရွက်စာတမ်းတွေကတော့ ၂၀၀၉မှ၂၀၁၇နှစ်အတွင်း  အိုဘားမား သမ္မတဖြစ်စဉ် ဒုတိယသမ္မတအဖြစ် သူတာဝန်ထမ်းဆောင်စဉ်က ဖြစ်တယ်လို့ ဘော်ဝါကဆက်လက်ပြောပါတယ်။ တရားရေးဌာနက အနည်းဆုံး ၁၂ နာရီ ကြာအထိ အိမ်ထဲရှာဖွေမှုပြုလုပ်ရာကနေ အဲဒီစာရွက်စာတမ်းတွေကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။  အဲဒီအပြင် ဒုတိယ သမ္မတအဖြစ်တာဝန်ထမ်းဆောင်စဉ်က သူ့ရဲ့ လက်ရေးစာတွေကိုပါ တရားရေးဌာနက ယူဆောင်သွားတယ်လို့ ရှေ့နေ ဘော်ဝါကပြောပါတယ်။

ဂျိုးဘိုင်ဒင်က သူ့အိမ်ထဲ လျှို့ဝှက်အဆင့်သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေရှိမရှိ အစအဆုံးအနှံ့ ရှာဖွေဖို့ ခွင့်ပြုခဲ့တယ်လို့လည်း ဘော်ဝါကပြောပါတယ်။

အိမ်ကိုရှာဖွေနေစဉ်အတွင် သမ္မတနှင့် သမ္မတကတော်တို့ရှိမနေကြဘဲ တရာရေးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေ၊ သမ္မတရဲ့ ကိုယ်ရေးနှင့်အိမ်ဖြူတော်ရှေ့နေတွေအတူတကွရှာဖွေခဲ့ကြတာဖြစ်တယ်လို့လည်း သမ္မတရဲ့ အထူးဥပဒေ အကျိုးဆောင် ရစ်ချတ်ဆော်ဘာကလည်း သတင်းထုတ်ပြန်ချက်နောက်တစ်စောင်မှာ ဖော်ပြပြောဆိုထားပါတယ်။

Source: WION

#Biden_House_search

#US_Politics

#Classified_documents_Biden