Published 15 January 2023

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါဟာ အမေရိကန်ရဲ့ ရှက်ဖွယ်ကောင်းတဲ့ အသုံးချခံဖြစ်တယ်လို့ ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်ဗ်က စွပ်စွဲလိုက်ပြီး သူ့အနေနှင့် သူ့ကိုယ်သူ ရင်ခွဲသတ်သေသင့်တယ်လို့ အကြံပြုလိုက်တဲ့ အကြောင်း နိုင်ငံတကာသတင်းတွေကရေးသားပါတယ်။

ဒါဟာ မက်ဗီဒက်စ်ဆီက တုန်လှုပ်စရာနှင့် ဆွပေးတဲ့ ကြေညာချက်တွေအများကြီးထဲက နောက်ဆုံးထုတ်ပြန်ချက်ဖြစ်ပါတယ်။ သူ့ကို တစ်ခါတုန်းက အနောက်နိုင်ငံပညာတတ်ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးလို့ မြင်ခဲ့ကြပေမယ့် ပြီးခဲ့တဲ့နှစ်က ယူကရိန်းကို ရုရှားကျူးကျော်ပြီးကတည်းက သူ့ကိုယ်သူ အဓိကသဘောထားတင်းမာသူအဖြစ် ပြန်လည်တည်ဆောက်ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်ရုံးဖြစ်ဖြစ်  နိုင်ငံခြားရေးဝန်ကြီးရုံးဖြစ်ဖြစ်  ရုံးချိန်ပြင်ပမှာ ဘယ်သူတစ်ဦးတစ်ယောက်မျှ မှတ်ချက်ကို ချက်ခြင်းပေးလေ့မရှိကြပါဘူး။

မက်ဗီဒက်ဗ်ဟာ သမ္မတပူတင်ရဲ့ အရေးပါတဲ့ မဟာမိတ်တစ်ဦးဖြစ်ပြီး ရုရှားရဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်တဲ့ လုံခြုံရေးကောင်စီမှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

သူက ကီရှီဒါနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ သောကြနေ့ကတွေ့ဆုံကြပြီး ပူးတွဲသတင်းထုတ်ပြန်ချက် ထုတ်ပြန် အပြီးမှာ တုန့်ပြန်လိုက်ခြင်းဖြစ်ပါတယ်။

အဆိုပါကြေညာချက်ထဲမှာ “ ယူကရိန်းမှာ ရုရှားက နျူကလီးယားလက်နက်မည်သည့်လက်နက်မဆို အသုံးပြုခြင်းကို လူသားတွေကို ဆန့်ကျင်တဲ့လုပ်ဆောင်မှုဖြစ်ပြီး မည်သည့်နည်းနှင့်မျှလက်ခံနိုင်စရာမရှိ” လို့ဖော်ပြထားပါတယ်။

ဒီကြေညာချက်ဟာ ရုရှားရန်မူမှာကို အစိုးရိမ်လွန်တဲ့စိတ်ဖောက်ပြန်မှုဖြစ်ပြီး  ဟီရိုရှီးမားနှင့်နာကာစကီတို့ နျူကလီးယား မီးလောင်တိုက်သွင်းခံရတဲ့အပေါ် ရာထောင်များစွာသော ဂျပန်လူမျိုးတို့ရဲ့ အမှတ်ရစရာတွေကို သစ္စာဖောက်တာ ဖြစ်တယ်လို့ မက်ဗီဒက်ဗ်က ပြောပါတယ်။ သူက ဒုတိယကမ္ဘာစစ်အဆုံးသတ်ဖို့ ဂျပန်ကို အတင်းအကျပ်လက်နက်ချစေ ခဲ့ရတဲ့ အမေရိကန်ကြဲချနဲ့ နျူကလီယားဗုံးတွေကို ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်အတွက် အမေရိကန်ဆီက နောင်တစကားကို တောင်းဆိုရမယ့်အစား ကီရှီဒါဟာ “ အမေရိကန်တွေအတွက် အစေခံတစ်ဦးမျှသာ” ဖြစ်တယ်ဆိုတာကို ပြသခဲ့တယ်လို့ သူကဝေဖန်ပါတယ်။

အဲဒီလို ရှက်စရာကောင်းတဲ့အပြစ် ကို  ကီရှီဒါ ဂျပန်ပြန်ရောက်လို့ ဝန်ကြီးအဖွဲ့အစည်းအဝေးလုပ်တဲ့အခါ ဂျပန်လို ဟာရာကီရီလိုခေါ်တဲ့ ဆက်ပူကူ  seppuku ပုံစံနှင့်ကိုယ့်ရင်ခွဲ ကိုယ့်ကိုကိုယ် သတ်သေသင့်ပြီး ဆေးကြောမှသာ ရလိမ့်မယ်လို့ သူကပြောပါတယ်။

ယူကရိန်းကို ရုရှားကျုုးကျော်ပြီးကတည်းက  အနောက်နိုင်ငံက အကျပ်အတည်းကို စွက်ဖက်ခြယ်လှယ်ရင် အဲဒါဟာ နျူကလီယားစစ်ပွဲကို ဦးတည်သွာနိုင်တယ်လို့  မက်ဗီဒက်ဗ်က မကြာခဏသတိပေးနေတာပါ။နျူကလီးယားစစ်ပွဲတစ်ခု ဟာ ဖြစ်ဖို့အခွင့်အလမ်းများလာနေပေမယ့် ရုရှားဟာ မမိုက်မဲပါဘူး။နျူးကလီးယားလက်နက်ကို ခုခံကာကွယ်ဖို့ အတွက်သာရှုမြင်ထားတယ်လို့ ပူတင်ကပြောခဲ့ပါတယ်။

Source: South China Morning Post

#Medvedev_said_ Japan_PM_should_ritually disembowel himself

#Russia_Japan

#Russia_Ukraine_War