#World_Politics
Published 13 January 2023

 

အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ သမ္မတနေအိမ်နဲ့ ရုံးဟောင်းတို့မှာ စာရွက်စာတမ်းများ မလျော်မကန်သိမ်းဆည်းမှုကို စုံစမ်းစစ်ဆေးရန်အတွက် ဥပဒေအကျိုးဆောင်အထူးအဖွဲ့ကို ကြာသပတေးနေ့က ရွေးချယ်ခဲ့ကာ နိုင်ငံရေးအဓိကပြိုင်ဘက် 'ဒေါ်နယ်ထရမ့်'ကို အကြီးအကျယ်စုံစမ်းမေးမြန်းနေခြင်းကနေ ဆက်လက်ရိုက်ခတ်လာတဲ့သဘော ရှိနေပါတယ်။

 

ဒေါ်နယ်ထရမ့် ထိပ်တန်းစာရွက်စာတမ်းများ လက်ကိုင်ထားခြင်းနဲ့ပတ်သက်ပြီး ဘိုင်ဒင်က ဝေဖန်ခဲ့ကာ အခုလိုစစ်ဆေးခံရခြင်းက ဘိုင်ဒင်အတွက် အနှောင့်အယှက်ဖြစ်စေတဲ့အပြင် ၂၀၂၄ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုအပေါ် ထိခိုက်လာနိုင်ပါတယ်။

 

ထရမ့်လက်ထက်က ဖက်ဒရယ်ထိပ်သီးရှေ့နေအဖြစ် ထမ်းဆောင်ခဲ့တဲ့'ရောဘတ်ဟား'က ဒီကိစ္စကိုစစ်ဆေးဖို့ လွတ်လပ်မျှတဟန်ရှိတဲ့ရှေ့နေအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပြီး ဘိုင်ဒင်ဒုသမ္မတအဖြစ်ထမ်းဆောင်စဉ်က စာရွက်စာတမ်းများ မလျော်မကန်သိမ်းဆည်းထားခြင်းရှိ/မရှိ ဆုံးဖြတ်သွားမှာဖြစ်ကြောင်း၊ လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုက ဥပ‌ဒေချိုးဖောက်ရာ ကျသလားဆိုတာကို စစ်ဆေးသွားမှာဖြစ်ကြောင်း အမေရိကန်ရှေ့နေချုပ်'မာရစ်ဂါလန်း'က ပြောကြားခဲ့ပါတယ်။

 

ဘိုင်ဒင်နေအိမ်ရှိ သော့ခတ်ထားတဲ့ဂိုဒေါင်နဲ့ ကပ်လျက်အခန်းမှာ ပစ္စည်းအချို့တွေ့ရှိခဲ့ကာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အိမ်ဖြူတော်က ကတိပြုလိုက်ပါတယ်။

 

နှံ့စပ်စွာလေ့လာစစ်ဆေးပြီး ဒီပစ္စည်းတွေက လွဲမှားစွာရောက်ရှိနေတယ်ဆိုတာကို သက်သေပြနိုင်မယ်လို့ ယုံကြည်ကြောင်း အိမ်ဖြူတော်ရှေ့နေ'ရစ်ချတ်ဆော်ဘာ'က ထုတ်ပြန်ခဲ့ပါတယ်။

 

အခုဆိုရင် ဘိုင်ဒင်ရော ထရမ့်ကိုပါ အထူးရှေ့နေတွေ စုံစမ်းနေကြပါတယ်။

 

ဒီရှေ့နေတွေဟာ တရားရေးဌာနကနေ အတိုင်းအတာတစ်ခုထိ လွတ်လပ်စွာရှိနေရန်အတွက် အထိအခိုက်မခံနိုင်တဲ့ နိုင်ငံရေးကိစ္စတွေကိုစုံစမ်းဖို့ ခန့်အပ်ထားတာဖြစ်ပါတယ်။

 

ထရမ့်ဆီကနေ စာရွက်စာတမ်းအနည်းငယ် တွေ့ရှိပြီးနောက် သက်ဆိုင်ရာစာရွက်များကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဘိုင်ဒင်ရဲ့ရှေ့နေတွေက ပြောကြားခဲ့ပါတယ်။

 

ဩဂုတ်လက စာရွက်စာတမ်း ၁၀၀ ခန့်ကို FBI ကရှာဖွေမတွေ့ရှိခင်အထိ ထရမ့်က ထိုအကြောင်းတွေကိုငြင်းဆန်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးခြင်းဝတ္တရား နှောင့်ယှက်ရာကျသလားဆိုပြီး မေးခွန်းထုတ်လာကြပါတယ်။

 

အချက်အလက်တွေက ဒီထက်ပိုပြီးကွဲလွဲနေလို့မဖြစ်ကြောင်း၊ တူတာတစ်ခုက ဒီစာရွက်စာတမ်းတွေဟာ အိမ်ဖြူတော်ကနေ အခြားတစ်နေရာရာကို ရောက်ရှိသွားတာဖြစ်ကြောင်း အမျိုးသားလုံခြုံရေးဥပဒေအကျိုးဆောင်အဖွဲ့မှ အကြီးအကဲ'ကယ်လ်မက်ကလာနာဟန်'က ဆိုပါတယ်။

 

ထရမ့်ရဲ့စာရွက်စာတမ်းကိစ္စကို ကိုင်တွယ်နေတဲ့ အထူးစစ်ဆေးရေးအဖွဲ့ဟာ ၂၀၂၀ ခုနှစ်တုန်းက ဘိုင်ဒင်ကို ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ခြင်းအပေါ် ပြန်ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းခြင်းကိုလည်း ဦးဆောင်စစ်ဆေးနေပါတယ်။

 

Source: Reuters
#Yangon_Media_Group