Published 13 Jan 2023

အဲလ်ဗစ်ပရက်စ်လေရဲ့ သမီးနှင့် အဆိုတော် သီချင်းရေးဆရာမ လီဆာ မာရီ ပရက်စလေဟာ ကာလီဖိုနီးယားပြည်နယ် ကာလာဘာဆာက နေအိမ်မှာ နှလုံးရပ်ပြီး သေဆုံးသွားပါတယ်။ အိမ်သန့်ရှင်းရေးအလုပ်သမားက လှုပ်ရှားမှုမရှိတော့တဲ့ သူမကိုတွေ့ရတဲ့အတွက် ဆေးရုံကိုအမြန်တင်ပို့ခဲ့ရတာဖြစ်ပါတယ်။  ယခုအခါသူမနှင့်တစ်ခါတစ်ခါ အတူလာနေတတ်တဲ့ သူမရဲ့ ခင်ပွန်းဟောင်း ဒန်နီကော့တ်က ဆေးအကူအဖွဲ့ရောက်မလာခင်သူမကို CPR လုပ်ပေးခဲ့ပါသေးတယ်။

လီဆာဟာ ရော့ခ်အင်န်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေနှင့် ဇနီး ပရက်စီလာပရက်စလေတို့ကနေ မွေးဖွားခဲ့တဲ့ သမီးဖြစ်ပါတယ်။ ပရက်စီလာက သူမရဲ့သမီးကွယ်လွန်ခဲ့တာကိုကို ကြေညာချက်ထုတ်ပြန်ပြီး အတည်ပြုပေးခဲ့ပါတယ်။

သူမကွယ်လွန်ချိန်မှာ အသက် ၅၄နှစ်ရှိပါပြီ။

“ ကျွန်မရဲ့ ချောမောလှပတဲ့ သမီး လစ်ဇာမာရီယာ ကျွန်မတို့ကို ထားခဲ့ပြီဆိုတဲ့ ကြေကွဲဖွယ်သတင်းကို ကျွန်မ နှလုံးကြေကွဲစာနှင့် မျှဝေပါတယ်” လို့ သူမကပြောပါတယ်။

“ ကျွန်မသိသူတွေအထဲမှာ သမီးဟာ ချစ်စိတ်ပြင်းပြပြီး ချစ်မက်စရာအကောင်းဆုံး အမျိုးသမီးဖြစ်တယ်။ ဒီလိုဆုံးရှုံးမှုနှင့် ကြိုးစားရင်ဆိုင်နေရတြ့အချိန်မှာ ကျွန်မတို့ကို သီးသန့်နေခွင့်ပေးပါလို့တောင်းဆိုပါတယ်။ ချစ်မေတ္တာတွေနှင့် ဆုတောင်း တွေအတွက်ကျေးဇူးတင်ပါတယ်။ ဒီအချိန်မှာ ကျွန်မအနေနှင့် နောက်ထပ်ပြောစရာမရှိပါ” လို့ မိခင်ပရက်စီလာကရေးသား ခဲ့ပါတယ်။

လီဆာဟာ  ကလေးသုံးဦးမိခင်ဖြစ်ပါတယ်။ သူ့သားသမီးတွေက ရုပ်ရှင်မင်းသမီး ရီလီကော့တ် Riley Keough နှင့် အမြွှာ ဟာပါနှင့် ဖင်လေတို့ပါ။ သူမမှာ ဘင်ဂျမင်ဆိုတဲ့သားတစ်ဦးရှိခဲ့ပြီးသူကတော့ ၂၀၂၀ ခုနှစ်မှာ ကိုယ့်ကိုကိုယ်သေနတ်ပစ် ခံရပြီးသေဆုံးခဲ့ရတာဖြစ်ပါတယ်။

မကြာသေးခင်ကပဲ လီဆာနှင့် ပရက်စီလာတို့ဟာ ရွှေကမ္ဘာလုံးဆုပေးပွဲ ၂၀၂၃ အခမ်းအနားကို တက်ရောက်ပြီး အဲလ်ဗစ် ဆိုတဲ့ အဲလ်ဗစ်ပရက်စလေရဲ့ အတ္တုပတ္တိဇာတ်ကားမှာ သရုပ်ဆောင်တဲ့ ဩစတင်ဘတ်တလာကို အားပေးဖို့ တက်ရောက် ခဲ့ကြပါတယ်။

Source WION

#Lisa_Marie_Presley

#Lisa_Marie_Presley_died

#Elvis_Presley's_daughter