မန်စီးတီးအသင်းဟာ အက်စ်တွန်ဗီလာနဲ့အင်္ဂလန်ကွင်းလယ်လူ ဂျက်ဂရီလစ်ရှ်ကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းဟာ သူတို့ရဲ့ချန်ပီယံလိဂ်အိပ်မက်ကို အသက်သွင်းနိုင်ဖို့အတွက် နွေရာသီစျေးကွက်အတွင်း ကစားသမားသစ်တွေ အားဖြည့်ဖို့ စီစဉ်နေတာဖြစ်ပြီး စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကိုလည်း ခေါ်ယူဖို့ မျက်စိကျနေပါတယ်။ အက်စ်တွန်ဗီလာအသင်းဘက်ကတော့ အသက် ၂၅ နှစ်အရွယ် ဂရီလစ်ရှ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ သတ်မှတ်ထားပြီး မန်စီးတီးအသင်းကလည်း အဲဒီပမာဏအတိုင်းကမ်းလှမ်းသွားဖွယ်ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဆိုပါတယ်။