အင်္ဂလန်အသင်းအနေနဲ့ စွဲဆောင်မှုရှိတဲ့ တိုက်စစ်ကစားဟန်ကို ကစားဖို့ကြိုးစားသွားမှာဖြစ်ပေမယ့် ယူရို ၂၀၂၀ အုပ်စုပွဲစဉ်တွေမှာ အကောင်းဆုံးခံစစ်ကစားပုံကို ပြသနိုင်ခဲ့တာကလည်း ကျေနပ်စရာဖြစ်တယ်လို့ နည်းပြဆောက်ဂိတ်က ပြောသွားခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ဇွန်လ ၂၃ ရက်နေ့က ချက်အသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် အုပ်စု D ရဲ့ အုပ်စုဗိုလ်အဖြစ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက် သွားနိုင်ခဲ့ပါတယ်။ အုပ်စုတွင်းပွဲစဉ်တွေမှာ အင်္ဂလန်အသင်းရဲ့ တိုက်စစ်ကစားပုံနဲ့ပတ်သက်ပြီး ဝေဖန်စ ရာတွေ ရှိနေခဲ့ပေမယ့် ပေးဂိုး တစ်ဂိုးမှမရှိခဲ့တဲ့ အနေအထားက ကျေနပ်စရာခြေစွမ်းမျိုးဖြစ်တယ်လို့ ဆောက်ဂိတ်က ဆိုပါတယ်။