Published 30 June 2021

နိုင်ငံတကာခရီးသွာရောက်ရှိမှုဟာ ဒီနှစ်မှာ အချို့သောအနောက်နိုင်ငံ ဈေးကွက်တွေကလွဲရင် ထိုင်းမှိုင်းနေဦးမှာပဲဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ လေ့လာချက်တစ်ခုအရ သိရှိရပါတယ်။ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာချက်မှာ ဆုံးရှုံးမှုတန်ဖိုးဟာ ၂.၄ထရီလီယန်အထိရှိပြီး ၂၀၂၁အထိ အပြည့်အဝ ပြန်ကောင်းလာဖို့မရှိသေးဘူးလို့လည်း ပြောထားပါတယ်။  ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံမှုနှင့်ထိုးပြီးကြောင်း သက်သေခံလက်မှတ်တွေဟာ နိုင်ငံခြားခရီးသွားလုပ်ငန်းမှာ ယုံကြည်မှုပြန်လည်ရရှိဖို့ အဓိကအချက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 
၂၀၂၀ပြည်နှစ်မှာ နိုင်ငံတကာခရီးသွားရောက်ရှိမှုဟာ ၂၀၁၉ ကပ်ရောဂါမတိုင်ခင်ကာလနှင့်ယှဉ်ရင် ၇၃ရာခိုင်နှုန်းကျဆင်းသွားပြီး ခရီးသွားလုပ်ငန်းနှင့် ယင်းနှင့်ဆက်စပ်တဲ့လုပ်ငန်းတွေမှာ ဒေါ်လာ ၂.၄ထရီလီယံ ဆုံးရှုံးမှုဖြစ်သွားစေခဲ့တယ်လို့ UNCTAD နှင့် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ UNWTO တို့ရဲ့အစီရင်ခံစာအရသိရပါတယ်။ “ ဒီနှစ်အခြေအနေကတော့ ပိုကောင်းလာစရာမတွေ့ဘူး” လို့ UNCTAD ရဲ့ ကုန်သွယ်ရေးသုံးသပ်ရေး ဌာနက ရပ်ဖ်ပီတာစ်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ “ ပထမသုံးလဟာ ထပ်ပြီးဆိုးရွားခဲ့တယ်။ ခရီးသွားများများစားစားမရှိခဲ့ဘူး” လို့သူကပြောပါတယ်။ “ ဒုတိယနှစ်ဝက်မှာ အဆင့်တစ်ခုတော့ နာလံထူလာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အနည်းဆုံး မြောက်အမေရိကားနှင့်ဥရောပတို့မှာ အခြေအနေတစ်ခုရလာနိုင်တယ်” လို့ သူကရိုက်တာ သတင်းဌာနကိုပြောပါတယ်။
 
၂၀၂၁ကို အခြေအနေသုံးမျိုးနှင့် အစီရင်ခံစာက ခန့်မှန်းထားတယ်လို့ဆိုပါတယ်။ အဲဒါကြောင့် နိုင်ငံတကာခရီးသွားတွေဟာ ကပ်ဘေးမဖြစ်ခင်ကာလနှင့်ယှဉ်ရင် ၆၃ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအကြားကျဆင်းသွားနိုင်ပြီး ဒေါ်လာ၁.၇ထရီလီယံနှင့် ၂.၄ထရီလီယံအကြား ဆုံးရှုံးမှုရှိနိုင်တယ်လို့ တွက်ချက်ထားပါတယ်။ အာရှပိစိတ်ဖိတ်ဒေသကတော့ ကမ္ဘာမှာ အပိတ်ဆုံးဒေသဖြစ်နေတယ်။ နိုင်ငံတွေရဲ့ နယ်စပ်အများစုမှာ ပိတ်ထားချင်ပိတ်ထား ဒါမှမဟုတ် သိသာတဲ့ကန့်သတ်မှုတွေ ထားရှိတာနဲ့ကြုံနေကြရတယ်လို့ UNWTO ရဲ့ ဈေးကွက်ထောက်လှမ်းရေးဌာနအကြီးအကဲ ဆန်ဒယာကာဗာအိုကပြောပါတယ်။

Ref :Reuters