Published 26 Sept 2022

အက်ပဲလ်ကုမ္ပဏီက ယင်းတို့ရဲ့ နောက်ဆုံးထုတ် iPhone 14 ကို အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ ဒါဟာ နည်းပညာကုမ္ပဏီကြီးရဲ့ သူ့ရဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေကို တရုတ်ကနေ အချို့ ဖယ်ခွာလာတာဖြစ်ပါတယ်။

ကုမ္ပဏီဟာ အထင်ကရ အိုင်ဖုန်းဖြစ်တဲ့ iPhone 14 စတင်ဖြန့်ချိမှုအခမ်းအနားကို ဒီလစောစောပိုင်းမှာာကျင်းပခဲ့ပါတယ်။ အဲဒီမှာ သူတို့ဟာ မျက်စေ့နောက်စရာကောင်းလှတဲ့ နည်းပညာအသစ်တွေထက်  လုံခြုံရေးတိုးမြှင့်တာကို အာရုံစိုက်ထားပါတယ်။

“ iPhone 14 lineup အသစ်ဟာ အမိုက်စား နည်းပညာအသစ်တွေနှင့်အတူ အရေးကြီးလှတဲ့ လုံခြုံရေးစွမ်းဆောင်ရည် တွေပါ ထည့်သွင်းထားပါတယ်။ အဲဒီ iPhone 14 ကို အိန္ဒိယမှာ ကျွန်တော်တို့ထုတ်လုပ်ရတာ စိတ်လှုပ်ရှားပါတယ်” လို့ အက်ပဲလ်က သတင်းထုတ်ပြန်ပါတယ်။

ဂျေပီ-မော်ဂန်ရဲ့သုံးသပ်မှုမှာတော့ အက်ပဲလ်ဟာ ၂၀၂၂နှစ်ကုန်ပိုင်းလောက်မှာ iPhone 14 ထုတ်လုပ်မှုအားလုံးရဲ့ ၅ ရာခိုင်နှုန်းခန့်  အိန္ဒိယကိုရွှေ့နိုင်တယ်လို့ဆိုပါတယ်။ အိန္ဒိယဟာ တရုတ်ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယမြောက် အကြီးဆုံးစမတ်ဖုန်း ဈေးကွက်ဖြစ်ပါတယ်။

၂၀၂၅ အရောက်မှာ အက်ပဲလ်ဟာ အိုင်ဖုန်း လေးလုံးတိုင်းမှာ တစ်လုံးကို အိန္ဒိယမှာ ထုတ်လုပ်သွားနိုင်တယ်လို့ ဂျေပီမော်ဂန်ကပြောပါတယ်၊

Source Reuters

#iphone14

#India_iPhone_producer

#Apple