Published 8 Sept 2022

ကာတာရီတယ်လီကွန်မျူနီးကေးရှင် ကုမ္ပဏီ အော်ရီဒူးဟာ  ယင်းရဲ့ မြန်မာလုပ်ငန်းဖြစ်တဲ့ အော်ရီဒူးမြန်မာကို စင်္ကာပူ အခြေစိုက် နိုင်းကွန်မျူနီကေးရှင် ကုမ္ပဏီ Nine Communications ကို လုပ်ငန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅၇၆ သန်းခန့်နှင့် စုစုပေါင်းအစုရှယ်ယာထည့်သွင်းစဉ်းစားမှု၁၆၂သန်းနှင့် ရောင်းချဖို့ သဘာတူစာချုပ်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်တယ်လို့ ရိုက်တာနှင့် ဒူဘိုင်းအခြေစိုက်မီဒီယာတွေက သတင်းဖော်ပြကြပါတယ်။

အော်ရီဒူးမြန်မာနှင့်အော်ရီဒူးမြန်မာဖင်းတက်ခ်ကုမ္ပဏီ Ooredoo Myanmar Fintech နှစ်ခုစလုံးရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ အော်ရီဒူးအေးရှားရဲ့ အစုရှယ်ယာ ၁၀၀ ရာခိုင်နှုန်းကို ပြန်လည်ရောင်းချတာဖြစ်ပါတယ်လို့ ဒိုဟာအခြေစိုက် ကုမ္ပဏီက ပြောပါတယ်။

ဒီအရောင်းအဝယ်ကို အော်ရီဒူး ဒါရိုက်တာဘုတ်အဖွဲ့နှင့် နိုင်းကွန်မျူနီကေးရှင် ကုမ္ပဏီနှစ်ဘက်စလုံးက အတည်ပြုပြီးပြီလို့ ပြောပါတယ်။ လုပ်ဖို့ကျန်တာတွေက လုပ်ဆောင်နေကျ ပိတ်သိမ်းတဲ့လုပ်ငန်းတွေနှင့် မြန်မာနိုင်ငံ ဆက်သွယ်ရေးအာဏာပိုင် ရဲ့ အတည်ပြုချက်ရရှိဖို့ပဲဖြစ်ပါတယ်။

ဒီလိုရောင်းချတာဟာ ကုမ္ပဏီပြုပြင်ဖွဲ့စည်းမှုရဲ့ အကျိုးဆက်တစ်ခုဖြစ်တယ်လို့ အော်ရီဒူးအုပ်စုရဲ့ စီအီးအိုနှင့် မန်းနေးဂျင်း ဒါရိုက်တာ အာဇစ် အာလုမင်း ဖက်ခရိုကပြောပါတယ်။

အော်ရီဒူးမြန်မာဟာ ရန်ကုန်အခြေစိုက် တယ်လီဖုန်းအော်ပရတာဖြစ်ပြီး မိုဘိုင်းဆက်သွယ်ရေးနှင့် အင်တာနက် ဝန်ဆောင်မှု တွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

နိုင်းကွန်မျူနီကေးရှင်းကုမ္ပဏီဟာ စင်ကာပူမှာ SPV ပေါင်းစည်းထားတဲ့ကုမ္ပဏီဖြစ်ပြီး Link Family Office နှင့် မြန်မာလူမျိုး ဦးဉာဏ်ဝင်းပိုင်ဆိုင်တာဖြစ်တယ်လို့ ဒူဘိုင်းအခြေစိုက်မီဒီယာတစ်ခုကရေးသားပါတယ်။

Source: Reuters/ and other media