Published 30 Aug 2022

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မစ္စတာဂေါတမ်အက်ဒါနီကို ပြင်ပက လူအနည်းငယ်လောက်ပဲသိကြတာပါ။

 ယခု အိန္ဒိယသူဋ္ဌေးကြီးဖြစ်နေတဲ့သူဟာ  ကောလိပ်ကျောင်းမပြီးခင်ထွက်ခဲ့ရသူဖြစ်ပါတယ်။ သူဟာ ပထမဆုံး စိန်ကုန်သည် အဖြစ် သူ့ကံတရားကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီနောက်တော့ ကျောက်မီးသွေး,,။ အဲဒီနောက် တဖြည်းဖြည်းနှင့်  အကြီးဆုံး လုပ်ငန်းစုကြီးတွေထဲက တစ်ခုကိုတည်ထောင်ခဲ့ပါတယ်။ အဲဒီသူဟာ အခု ကမ္ဘာပေါ်မှာ တတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါပြီ။

ဒါဟာ အာရှမှာ ပထမဆုံးအဖြစ် အာရှသားတစ်ဦးဟာ ဘလွမ်းဘတ်ရဲ့ ထိပ်တန်းဘီလျံနာ(၃)ဦးစာရင်းဝင်ဖြစ်လာတာပါ။ ရီလိုင်းယင့်စ် အင်ဒတ်စထရီက မစ္စတာ မူကက်ရှ် အမ်ဘာနီနှင့်  အလီဘာဘာပူးတွဲတည်ထောင်သူ ဂျက်မာတို့တောင် အဲဒီ အဆင့်မရောက်ခဲ့ကြပါဘူး။

အမေရိကန်ဒေါ်လ၁၃၇.၄ ဘီလျံချမ်းသာကြွယ်ဝတဲ့ မစ္စတာ အက်ဒါနီဟာ LVMH ဥက္ကဋ္ဌ ဘားနတ် အာနော့တ်ကို ကျော်ဖြတ် ပြီး တတိယနေရာ ရောက်သွားတာဖြစ်ပါတယ်။  သူ့ရှေ့မှာ တက်စ်လာ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်နှင့် အမေဇုန်ဒေါ့ကွမ်းတည်ထောင်သူ ဂျက်ဘီဇော့တို့ပဲရှိပါတော့တယ်။

အသက် (၆၀)ရှိပြီဖြစ်တဲ့ မစ္စတာ အက်ဒါနီဟာ ကျောက်မီးသွေးမှသည် ဆိပ်ကမ်းတွေအထိပါတဲ့ သူ့ရဲ့လုပ်ငန်းစုကြီးကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ချဲ့ထွင်ခဲ့တာပါ။ အဲဒါကြောင့် ဒေတာစင်တာမှသည် ဘိလပ်မြေလုပ်ငန်း၊မီဒီယာနှင့် အလျူမီနီယမ်တွေအထို လုပ်ငန်းစုံလှပါတယ်။

သူ့ရဲ့လုပ်ငန်းအုပ်စုဟာ အခုဆို အိန္ဒိယရဲ့ အကြီးဆုံးပုဂ္ဂလိက ဆိပ်ကမ်းလုပ်ငန်းများလုပ်ကိုင်နေပြီး လေဆိပ်တွေစီမံခန့်ခွဲသူ၊ မြို့ဓာတ်ငွေ့ဖြန့်ချိသူနှင့် ကျောက်မီးသွေးသတ္တုတွင်းတွေအထိ ပိုင်ဆိုင်ထားပါတယ်။ ဩစတြေလျက ကာမိုက်ကယ်သတ္တုမိုင်း ဆိုရင် ပတ်ဝန်းကျင်ဝါဒီတွေရဲ့ ဝေဖန်ပြစ်တင်ခြင်းခံနေရပါတယ်။ သူဟာ နိုဝင်ဘာလတုန်းက အစိမ်းရောင်စီးပွားရေးအတွက် ဒေါ်လာ ၇၀ဘီလျံရင်းနှီးမြှပ်နှံမှုလုပ်မယ်လို့ ကတိပေးခဲ့တဲ့အတွက် ကမ္ဘာ့အကြီးဆုံးပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်သူ ဖြစ်လာပါလိမ့်မယ်။

မစ္စတာအက်ဒါနီဟာ အခြားသူဋ္ဌေးကြီးတွေလိုပဲ ပရဟိတလုပ်ငန်းတွေအတွက်လည်း လှူဒါန်းဖို့ရှိပါတယ်။ သူဟာ သူ့ရဲ့ အသက်(၆၀) ပြည့်မွေးနေ့အဖြစ် လူမှုရေးလုပ်ငန်းတွေကို ဒေါ်လာ ၇.၇ဘီလျံလှူဒါန်းမယ်လို့ ကတိပြုထားပါတယ်။

Source: Reuters

#Mr_Gautam_Adani

#world's_3rd_richest_person

#Indian_tycoon_Guatam_Adani