Published 29 Aug 2022

ငွေကြေးဖောင်းပွမှုတွေဟာ ခုန်ကျော်မြင့်တက်လာနေပြီး အဲဒါကို နှိမ်နှင်းဖို့ ထူးကဲတဲ့ကြိုးစားအားထုတ်မှုတစ်ခု ပြုလုပ်ဖို့ လိုအပ်နေပြီလို့ ကမ္ဘာ့ထိပ်တန်း ဘဏ္ဍာရေးအရာရှိချုပ်တွေက ရှင်းလင်းပြတ်သားစွာ ပြောဆိုလိုက်ကြပါတယ်။ အလုပ်အကိုင် ဆုံးရှုံးမှုတွေနှင့် ထွန်းသစ်စဈေးကွက်တွေမှာ လှိုင်းဂယက်တွေထကာ စီးပွားရေးကျဆင်းမှုတွေကြုံရနိုင်ခြေရှိနေတယ် လို့လည်းသူကပြောပါတယ်။

လက်ရှိအခြေအနေကတော့ ပေးဆပ်လို့ခံနိုင်ပါသေးတယ်။ ဒါပေမယ့် ဗဟိုဘဏ်တွေက ငွေကြေးဖောင်းပွမှု ကျွမ်းကျင်မှုတွေအပေါ် ယုံကြည်မှုကို ဆယ်စုများစွာ အချိန်ပေးတည်ဆောက်ခဲ့ပါတယ်။  ဒီစစ်ပွဲမှာ ကျရှုံးရတာဟာ ခေတ်သစ် ငွေကြေးမူဝါဒတွေရဲ့ အုတ်မြစ်တွေကို လှုပ်ခါပစ်နေ ပါတယ်။

“ငွေကြေးဖောင်းပွမှုကို သတ်မှတ်အဆင့်ပြန်ဆွဲယူဖို့ဆိုတာ ကျွန်တော်တို့ ယုံကြည်မှုကို ပြန်ရရှိ ထိန်းသိမ်းနိုင်ဖို့လိုအပ်တယ်” လို့  ဥရောပ ဗဟိုဘဏ် ဘုတ်အဖွဲ့ဝင် အစ္စဘယ် ရှန်နာဗဲလ် ကပြောပါတယ်။

“ ငွေကြေးဖောင်းပွမှုတွေ ကြာကြာမြင့်မားလေလေ၊  ပြည်သူတွေရဲ့ ဝယ်လိုအားကို ဆုံးဖြတ်ထိန်းသိမ်းထားနိုင်စွမ်းနှင့်ပတ်သက်တဲ့  ယုံကြည်မှုတွေ ကျဆင်းမယ့် အန္တရာယ်ရှိလေလေဖြစ်တယ်” လို့ သူမက ဆက်ပြောပါတယ်။

တိုးတက်မှုတွေထိခိုက်လာပြီး လူတွေ စပြီး အလုပ်လက်မဲ့ဖြစ်လာတာတောင် ဘဏ်တွေက ဆက်ပြီး လှုပ်ရှားဆောင်ရွက်နေသင့်ကြပါတယ်။

“ ကျွန်မတို့ စီးပွားရေးကျဆင်းမှုထဲ ဝင်လာတာတောင်  ကျွန်မတို့မှာ ရွေးချယ်ဖို့ များများစားစား မကျန်တော့သည့်တိုင် မူဝါဒလမ်းကြောင်းအပေါ် ဆက်သွားနေကြရမယ်” လို့ ရှန်နာဗဲလ်က ပြောပါတယ်။

ကမ္ဘာ့ အကြီးဆုံးစီးပွားရေးနိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှုက  ကိန်းဂဏန်းနှစ်လုံးနီးပါးဖြစ်လာနေပါတယ်။  ဒီကိန်းဂဏန်းအဆင့် ဟာ ရာစုနှစ် တစ်ဝက်အတွင်း မမြင်ဖူးခဲ့တဲ့ ကိန်းဂဏန်းတွေပါ။အဲဒီအထဲမှာ အမေရိကန်က မပါသေးပါဘူး။ အမေရိကန်မှာ ငွေကြေးဖောင်းပွမှုအမြင့်ဆုံးရောက်ဖို့ လပေါင်းများစွာ လိုပါသေးတယ်။

ယူကရိန်းက ရုရှားစစ်ပွဲကြောင့် လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုဟာ ငွေကြေးမူဝါဒ ထိခိုက်မှုနည်းနည်းရှိနေတဲ့ ထောက်ပို့လှုပ်ခါမှုတွေ ဖန်တီးနေပါတယ်။

ကမ္ဘာပြုမှုပျက်ယွင်းလာမှု၊ ရုရှားစစ်ကြောင့် မဟာမိတ်တွေ ပြန်လည်ချိန်ညှိလာမှု၊လူမှုပထဝီပြောင်းလဲမှုနှင့်  ထွန်းသစ်စ နိုင်ငံတွေမှာ ထုတ်လုပ်မှုဈေးကြီးမြင့်လာမှုတွေက ထောက်ပို့အကန့်အသတ်တွေဖြစ်လာပြီး အဲဒါတွေက အမြဲတမ်းသဘော ပိုဖြစ်လာနေပါတယ်။

“  ထောက်ပို့အတွဲတော်တော်များများဟာ  ငွေကြေးဖောင်းပွမှုကို ဖုံးဖိထားပေးတဲ့ လေစုန်အဖြစ်ကနေ လေဆန်အဖြစ်ပြောင်းလဲလာတာနှင့်အတူ ကမ္ဘာ့စီးပွားရေးဟာ သမိုင်းဝင်ပြောင်းလဲမှုတစ်ခု ဖြစ်တော့မယ့်အနေအထားရှိနေတယ်” လို့ International Settlements ဘဏ်ရဲ့ ဥက္ကဋ္ဌ အော်ဂတ်စတင် ကာစတင်းက ပြောပါတယ်။

“ အဲသလိုဆိုရင် လက်ရှိ ငွေကြေးဖောင်းပွမှုဖိအားဟာ ဆက်လက်တည်မြဲနေဦးမယ့်သဘောရှိတယ်” လို့လည်း ကာစတင်း ကပြောပါတယ်။ သူ့လုပ်ငန်းစုကို ကမ္ဘာ့ဗဟိုဘဏ်တွေရဲ့ ဗဟိုဘဏ်ရယ်လို့ မကြာခဏဆိုသလို ပြောဆိုသုံးနှုန်းလေ့ရှိကြပါတယ်။

အမေရိကန်ရဲ့ အတိုးနှုန်းမြင့်လားတဲ့ ဒဏ်ဟာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကိုကျော်လွန်ပြီး ပဲ့တင်ရိုက်ခတ်တာတွေရှိလာပြီး ထွန်းသစ်စစီးပွားရေးနိုင်ငံတွေကို ထိခိုက်မှုတွေဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ နှစ်လေးဆယ် ယုံကြည်မှုတွေဟာ ပျက်ယွင်းမယ့် အန္တရာယ်ပေါ်ကျရောက်နေပါတယ်။ အဲဒါကြောင်း ဘာပဲလုပ်ရ လုပ်ရ သူတို့ဟာ ငွေကြေးဖောင်းပွမှုတွေကို ဆွဲချကြပါလိမ့်မယ်။ အဲဒီအထဲမှာ ထွန်းသစ်စနိုင်ငံတွေ ဆက်စပ်ထိခိုက်နစ်နာ တာတွေရှိလာပါစေဦး လုပ်စရာရှိတာ ဆက်လုပ်သွားကြပါလိမ့်မယ်။

ဒေါ်လာတွေချေးငှားထားတဲ့ ထွန်းသစ်စနိုင်ငံတွေဟာ  အတိုးနှုန်းမြှင့်လိုက်တဲ့အတွက် သူတို့ဟာ ဘက်ပေါင်းစုံမှ ထိုးနှက် ခံနေရပါတယ်။

အဲဒါကြောင့် ချေးငှားရတဲ့ စရိတ်တွေတက်လာပြီး အကြွေးတွေတက်လာကြပါလိမ့်မယ်။အမေရိကန်ဈေးကွက်မှာ စာရင်းရှင်း ဖျက်သိမ်းတာတွေဖြစ်လာစေပြီး ထွန်းသစ်စစီးပွားရေးတွေဟာ ပရီမီယံတွေအတွက် အန္တရာယ်ရှိလာစေပြီး ငွေချေးတာ ပိုပြီးတောင် ခက်ခဲလာမှာဖြစ်ပါတယ်။

နိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်နှင့် အိန္ဒိယတို့ဟာ ဒီပြဿနာတွေကနေ လွတ်နေပုံရပေမယ့် တူရကီမှသည် အာဂျင်းတီးနားအထိ နိုင်ငံငယ်ကလေးတွေကတော့ ထိခိုက်ခံစားနေရတာ ထင်ရှားနေပါတယ်။

“နိုင်ငံတွေတော်တော်များများပါပဲ။ ဝင်ငွေနိမ့်နိုင်ငံတွေရဲ့ ၆၀ ရာခိုင်နှုန်းနှင့် ထွန်းသစ်စနှင့်နယ်သစ်စီးပွားရေးနိုင်ငံတွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ ဒီအခြေအနေတွေနှင့် ရင်ဆိုင်နေကြရပါတယ်” လို့ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ စီးပွားရေးပညာရှင်ချုပ် ပီယဲ အိုလီဗာ ဂိုရင်းချားက ပြောပါတယ်။

သီရိလင်္ကာနှင့် တူရကီတို့လို နယ်သစ်စီးပွားရေးနိုင်ငံတွေဟာ အမေရိကန်က အတိုးနှုန်းတွေဆက်မြှင့်နေရင် အကြီး အကျယ်ထိခိုက်လိမ့်မယ်။  တရုတ်၊အိန္ဒိယနှင့် အင်ဒိုနီးရှားအပါအဝင် နိုင်ငံတွေတပြုံတစ်ခေါင်းကြီးမှာ ငွေကြေး လုပ်ငန်းတွေရဲ့ အကြွေးအန္တရာယ်ဟာ အလွန့်ကိုမြင့်မားနေတယ်လို့ အက်စ်အင်န်ပီ ဂလိုဗယ်က ပြောပါတယ်။

Source: Reuters

#Global_Inflation

#Recession

#World_Economy