Published 20 July 2022

မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တဲ့ အော်ရီဒူးဟာ ယင်းရဲ့ မြန်မာလုပ်ငန်းကို ရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ အဲဒီကိစ္စနှင့်နီးစပ်တဲ့ ပုဂ္ဂိုလ်နှစ်ဦးကို ကိုးကားပြီး ရိုက်တာက သတင်းရေးသား လိုက်ပါတယ်။

ဒိုဟာ အခြေစိုက် အော်ရီဒူးဟာ မြန်မာနိုင်ငံ စာတိုက်နှင့် ဆက်သွယ်ရေးဌာန PTD (ဆယ်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန) ကို သူ့လုပ်ငန်းရောင်းချဖို့ရည်ရွယ်ထားတဲ့ အကြောင်း အကြောင်းကြားခဲ့တယ်လို့သိရပါတယ်။ အော်ရီဒူးဟာ မြန်မာနိုင်ငံမှာ တတိယမြောက်အင်အားအကြီးဆုံး အော်ပရေတာဖြစ်ပြီး ၂၀၂၀မှာ သုံးစွဲသူပေါင်း ၁၅သန်းရှိနေတယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

ဝယ်ယူဖို့အလားအလာရှိနေတဲ့ အဓိက ကုမွဏီသုံးခုကတော့ မြန်မာနိုင်ငံရဲ့ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Young Investment Group နှင့် စကိုင်းနက်တို့ဖြစ်ကြပြီး နောက်တစ်ခုကတော့ စင်္ကာပူအခြေစိုက် ကွန်ယက်အခြခံအဆောက်အအုံအော်ပရတော ကမ်ပါနာအုပ်စု Campana Group တို့ဖြစ်ကြတယ်လို့ သတင်းအရသိရှိရပါတယ်။

အဲဒီအထဲမှာ Young Investment Group ဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ ရုပ်မြင်သံကြားလိုင်း Y TV ကိုရင်းနှီးမြှပ်နှံသူဖြစ်ပြီး စကိုင်းနက်ကတော့ ရွှေသံလွင်အုပ်စုက ပိုင်ဆိုင်တာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအုပ်စု(၃)စုနှင့်‌ ဆွေးနွေးတာတွေ မပြီးပြတ်သေးဘူးလို့လည်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ရိုက်တာက အီးမေးလ်နှင့်ဆက်သွယ်မေးမြန်းတာကို အော်ရီဒူးက ချက်ခြင်းပြန်မတုန့်ပြန်သေးပါဘူး။

အဲဒီအပြင်  ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ တဲ့ Young Investment Group နှင့် စကိုင်းနက်တို့ကို ဆက်သွယ်မေးမြန်းသော်လည်း တုန့်ပြန်ခြင်းမရှိကြောင်းနှင့် ကမ်ပါနာအုပ်စုထံမှလည်း မှတ်ချက်ချက်ခြင်းမရသေးဘူးလို့လည်း ရိုက်တာကရေးသားပါတယ်။

#Source_Reuters

#Ooredoo_Myanmar_Exit

#Myanmar_telecommunication

#Myanmar_Ooredoo_sells_business