Published 17 July 2022

အာရှရဲ့ ပထမဆုံး မီတာ ၃၀၀ ရေနက် ဂျက်ကက်ကြီးတစ်ခုကို တရုတ်အမျိုးသား ကမ်းလွန်ရေနံကော်ပိုရေးရှင်း CNOOCက ပြည်တွင်းမှာ အမှီအခိုကင်းစွာ ဒီဇိုင်းထုတ်တည်ဆောက်ပြီးစီးခဲ့ပါတယ်။ အဲဒီ ရေနက် ဂျက်ကက်ကို သောကြာနေ့က ယူနစ်တွေအားလုံးကို စမ်းသပ်ခဲ့တယ်လို့ တရုတ်ရဲ့ ထိပ်တန်းကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်တဲ့ အဲဒီကုမ္ပဏီကပြောပါတယ်။

အဆိုပါ‌ ရေနက် ဂျက်ကက်ကြီးကို ဟိုင်းကျီး-၁ လို့အမည်ပေးထားလိုက်ပြီး  ကွမ်တုံပြည်နယ် ပုလဲမြစ်ဝှမ်းအဝမှာ တည်ဆောက်ထားတာပါ။  အမြင့်က ၃၄၀.၅ မီတာရှိပြီး အလေးချိန် တန်ချိန်လေးသောင်းရှိပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ကမ်းလွန်ရေနံထုတ်လုပ်ရေးပလက်ဖောင်းမှာ အကြီးဆုံးစံချိန်တင်ခဲ့တာဖြစ်ပါတယ်။

“ ဒီစီမံကိန်းတည်ဆောက်မှုကာလဟာ ၂၈ လကြာမြင့်ခဲ့ပါတယ်။ အဲဒီထဲမှာ တန်ချိန်သုံးသောင်းရှိ ဂျက်ကက်ကြီး တည်ဆောက်တပ်ဆင်မှုလည်းအပါအဝင်ပါ။ ဒီဂျက်ကက်ဟာ ရေအောက်ပိုက်လိုင်းတွေ ၂၅.၆ ကီလိုမီတာသွယ်တန်းထားတဲ့ အဆောက်အအုံရှစ်ခုပါဝင်ပါတယ်။ လူအင်အား တစ်ထောင်ကျော် ဟာ ဒီတည်ဆောက်ရေးလုပ်ငန်းထဲ ပါဝင်ခဲ့ကြပါတယ်” လို့ CNOOC ရှန်ကျင့်ဌာနခွဲရဲ့ ဒုတိယအထွေထွေမန်နေဂျာ ယွမ်ဝေကပြောပါတယ်။

ကမ်းလွန်ရေနံအင်ဂျင်နီယာရင်း စီမံကိန်း ဟိုင်းကျီး-၁ ဟာ ဒီနှစ် ဒုတိယနှစ်ဝက်မှာ လုပ်ငန်းစတင်လည်ပတ်မယ်လို့‌ မျှော်မှန်း ထားပါတယ်။ တောင်တရုတ်ပင်လယ်မှာရှိတဲ့ လူဖင်း ရေနံတွင်းပလက်ဖောင်းအတွက် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ နေ့စဉ် ရေနံထုတ်လုပ်မှုဟာ အပြည့်အဝလည်ပတ်ချိန်မှာ တန် ၆၅၀၀ အထိရှိလာမယ်လို့သိရပါတယ်။

ဒီစီမံကိန်းရဲ့ ဒီဇိုင်းကို ဆိုးရွားတဲ့ရာသီဥတုအခြေအနေတွေနှင့် လိုက်လျောညီထွေဖြစ်အောင် တည်ဆောက်ထားပါတယ်။ အားပြင်းတဲ့ ရေစီးကြောင်းတွေ၊ကြီးမားတဲ့ သဲလှိုင်းတွေနှင့် ပင်လယ်ကြမ်းခင်းပေါ်က လေဖိအားတွေလို့ ပြဿနာတွေကို ဖြေရှင်းကျော်လွှားပြီး ဆန်းသစ်တီထွင်တဲ့ ဒီဇိုင်းလုပ်ခဲ့ကြရတာဖြစ်ပါတယ်။ဒါဟာ တောင်တရုတ်ပင်လယ်ထဲမှာ အင်မတန်ကြီးမားတဲ့ အဆောက်အအုံတွေကို အတိအကျတည်ဆောက်နေရာချထားရတာပါ။

“ ဟိုင်းကျီး-၁ ပင်လယ်ထဲမှာ စမ်းသပ်မှုတွေလုပ်စဉ် ချာဘာ တိုင်ဖုန်းနှင့်ကြုံခဲ့ကြရပါတယ်။ ဆိုးရွားတဲ့ရာသီဥတုရဲ့ အကျိုးဆက်ကို ထိရောက်စွာကျော်လွှားဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို အဖွဲ့သားတွေလုပ်နိုင်ခဲ့ကြပါတယ်။  အဓိကစနစ်ကြီး ၃၇ခုနှင့် ကိရိယာတစ်ခုချင်းစီ ၇၄ ခုကို တပ်ဆင်စစ်ဆေးပြီးစီးဖို့ ရက်ပေါင်း ၅၇ ရက်ယူခဲ့ပါတယ်”လို့  အထွေထွေမန်နေဂျာ ထောင်ဖူဝမ်က ပြောပါတယ်။

ဂျက်ကက်ဒီဇိုင်းပိုင်း အကြီးအကျယ်တိုးတက်မှုရှိပြီး အင်မတန်ကီဲးမားတဲ့ ကမ်းလွန်ပလက်ဖောင်းကြီးတစ်ခုကို မှတ်တမ်းတင် တည်ဆောက်နိုင်ခဲ့တဲ့အတွက် တရုတ်ရဲ့ စွမ်းအင်လုံခြုံရေးအတွက် များစွာ အထောက်အကူဖြစ်စေမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

#Source_CCTV+

#China_ CNOOC

#Biggest_ deepwater_jacket

#တရုတ်စွမ်းအင်