Published 17 July 2022

အိန္ဒိယနိုင်ငံအပေါ်‌ ငွေကြေးဖောင်းပွမှု ဖိအားက အထွတ်အထိပ်ရောက်နေပေမယ့် ကမ္ဘာ့အလျင်မြန်ဆုံးကြီးထွားနေတဲ့ စီးပွားရေးဖြစ်နေတဲ့ အိန္ဒိယအနေနှင့် လမ်းကြောင်းမှန်ပေါ်ရှိနေတယ်လို့ အိန္ဒိယ ဗဟိုဘဏ်က ပြောပါတယ်။

ကမ္ဘာကြီးမှာ စီးပွားရေးကျဆင်းမှုနှင့်စစ်ပွဲတွေကြောင့် စိုးရွံ့မှုတွေရှိနေလင့်ကစား အိန္ဒိယစီးပွားရေးဟာ ဒူပေနာပေကြံ့ကြံခံ နိုင်တဲ့ အသွင်အပြင်လက္ခဏာပြသနေတယ်လို့ အိန္ဒိယအရန်ငွေကြေးဘဏ်က စနေနေ့က ထုတ်ပြန်တဲ့ လစဉ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အားကောင်းတဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေနှင့် ထုတ်လုပ်မှုတွေ ဝန်ဆောင်မှုတွေမှာ ပိုကောင်းမွန် လာတာတွေကြောင့် ကာလလတ်မှာ မြင့်မားတဲ့တိုးတက်ရေးလမ်းကြောင်းကို သွားနေတယ်လို့ အစီရင်ခံစာကပြောပါတယ်။

အကယ်၍ လက်ရှိ အခြေခံစားကုန်တွေဈေးနှုန်းကို  ထိန်းချုပ်ထားနိုင်ပြီး ထောက်ပို့ကွင်းဆက်ဖိအားတွေ ဆက်လျှော့ချနိုင် မယ်ဆိုရင် “ လက်ရှိ ငွေကြေးဖောင်းပွမှုအဆိုးဆုံးဖြစ်နေတာတွေဟာ နောက်မှာကျန်ရစ်ခဲ့ပြီး အိန္ဒိယစီးပွားရေးဟာ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု ထောင်ချောက်ကနေ လွတ်မြောက်နိုင်လိမ့်မယ်” လို့ ဘဏ်ကပြောပါတယ်။

စီးပွားရေးရဲ့ ပင်ကိုသန်စွမ်းမှုကို မီးမွှေးပေးမယ့် မီးစတွေက လေထဲမှာရှိနေကြပြီး ကမ္ဘာ့အလျင်မြန်ဆုံး ဖွံ့ဖြိုတိုးတက်နေတဲ့ စီးပွားရေးတစ်ခုအဖြစ် ပေါ်ထွန်းလာလိမ့်မယ်လို့လည်း ဘဏ်ကဆိုပါတယ်။

အိန္ဒိယနိုင်ငံရဲ့ လက်ကား ဈေးတွေဟာ ဇွန်လမှာ ဆယ်စုနှစ်သုံးစုအတွင်း အမြင့်မားဆုံးဖြစ်လာရာကနေ ရေနံစိမ်းနှင့် စားသုံးဆီအပါအဝင် ကုန်ကြမ်းတွေ ဈေးကျလာတဲ့အတွက်  ယခုဆို ဈေးတွေပြန်ကျဆင်းလာနေပါတယ်။

#Source_Bloomberg

#India_Inflation_ease

#India_Economy

#အိန္ဒိယစီးပွားရေး