Published 12 July 2022

အရှေ့တောင်အာရှရဲ့ ဒုတိယမြောက် စီးပွားရေးအကြီးဆုံး ထိုင်းနိုင်ငံဟာ ကိုဗစ်လွန်ကာလ စီးပွားရေးပြန်လည်ကောင်းမွန်လာမှု နှေးကွေးနေတဲ့အလျောက် နိုင်ငံမှာ  နိုင်ငံခြားအလုပ်သမား ငါးသိန်းကျော်  ထပ်မံလိုအပ်နေသေးတယ်လို့ နိုင်ငံရဲ့ ကုန်သည်ကြီးများအသင်းက ဇူလိုင် ၁၂ရက် အင်္ဂါနေ့တုန်းက ပြောကြားလိုက်ပါတယ်။

ပြည်ပတင်ပို့ဖို့အတွက် စိုက်ပျိုးရေးထုတ်ကုန်တွေနှင့် စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းတွေစတဲ့  လုပ်သားအားပြုလုပ်ငန်းတွေမှာ နိုင်ငံခြား အလုပ်သမားလိုအပ်မှုမြင့်မားနေတယ်လို့ ထိုင်းကုန်သည်ကြီးများအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ ပို့ချ်အာရမ်ဝပ်တန်နောက်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ စီးပွားရေးကိုမောင်းနှင်ဖို့ အလုပ်သမားတွေဟာ ပြဿနာကြီးတစ်ခု ယနေ့ဖြစ်လာနေတယ်” လို့ သူက ပြောပါတယ်။ စီးပွားရေးတွေ ရှေ့ကို မောင်းနှင်နိုင်အောင် နိုင်ငံခြားအလုပ်သမားတွေ အနည်းဆုံး သုံးသန်းကနေ လေးသန်းအထိ လိုအပ်လိမ့်မယ်လို့ သူကပြောပါတယ်။

နိုင်ငံခြားသားအုလပ်သမားကို ခေါ်ယူဖို့ကလည်း အတားအဆီးတွေရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်း မငြိမ်မသက် ဖြစ်နေတာနှင့် ဂျပန်နှင့် တရုတ်တို့လို အခြားနိုင်ငံတွေက အလုပ်သမားတွေ ပြိုင်ခေါ်နေကြတာကြောင့်ဖြစ်တယ်လို့ ပို့ချ်က ပြောပါတယ်။

လက်ရှိအချိန်မှာ လာအို၊ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ စာရွက်စာတမ်းအထောက်အထားရှိ တရားဝင်အလုပ်သမား ၂.၅သန်းခန့် ထိုင်းမှာ အလုပ်လုပ်နေပါတယ်လို့ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်ခန့်ထားရေးဌာန အကြီးအကဲ ပဲရော့ချ်ချိုတစ်ကာဆက်သီယမ်က သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။

အဲဒီအလုပ်သမား မလုံလောက်မှုကို လျော့နည်းသက်သာစေဖို့ အလုပ်သမားစီမံခန့်ခွဲမှုအစီအစဉ်တစ်ခုကို ထိုင်းအစိုးရအဖွဲ့က ပြီးခဲ့တဲ့အပတ်က အတည်ပြုခဲ့ပါတယ်။ အဲဒီအစီအစဉ်ထဲမှာ လက်ရှိတရားဝင်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို ၂၀၂၅ ဖေဖော်ဝါရီအထိ အလုပ်ဆက်လုပ်ခွင့်ပေးဖို့လည်း ပါဝင်ပါတယ်။

အဲဒီအပြင် တရားမဝင်အလုပ်သမားတွေကို  ၂၀၂၅ ဖေဖော်ဝါရီအထိ မှတ်ပုံတင်ပြီးခွင့်ပြုမှာလည်းဖြစ်ရာ ဗီယက်နမ်းအလုပ်သမားတွေပါ အစီအစဉ်မှာ အကျုံးဝင်လာပါတယ်။

အလုပ်သမားအစီအစဉ်တိုးတက်မှုနှင့် အလုပ်သမားတွေပိုရောက်ရှိလာစေဖို့အတွက် ထိုင်းနိုင်ငံမှာ ဒီနှစ်အကုန်မှာ နိုင်ငံခြားသား အလုပ်သမား သုံးသန်းနီးပါးအထိရှိလာနိုင်ပါတယ်။

Source: Reuters

#Thailand_Needs_500,000_Migrants_workers

#Thailand_Foreign_workers

#ထိုင်းနိုင်ငံခြားသားအလုပ်သမား