Published 10 July 2022

မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက်ဆက်သွယ်မှုနည်းပညာဖွံ့ဖြိုးတိုးတက်ဖို့နှင့် အဲဒီနယ်ပယ်မှာ ပါရမီရှိသူတွေပြုစုပျိုးထောင်ပေးဖို့အတွက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေအောက်နေ လွန်ခဲ့တဲ့ နှစ်များအတွင်း အကူအညီတွေပေးခဲ့ပါတယ်။

ခုနှစ်ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကို မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ကာ မြန်မာနိုင်ငံမှာ အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမှာ နယ်ပယ်အသီးသီးမှာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လိုနက်ရှိုင်းစွာဆောင်ရွက်မယ်ဆိုတာဟာ အရေးကြီးတဲ့ ခေါင်းစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။  လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် ပြုလုပ်တဲ့ ရာပေါင်းများစွာသော အစီအစဉ်တွေထဲမှာ ပရောဂျက်တစ်ခုစီတိုင်းကို သက်ဆိုင်ရာနိုင်ငံတစ်နိုင်ငံချင်းစီရဲ့ အဓိကနယ်ပယ်အတွက် ဒီဇိုင်းလုပ်ထားတာပါ။

မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာလုပ်ငန်းတွေမှာ ကျွမ်းကျင်ထူးချွန်သူတွေ မလုံလောက်တဲ့အတွက် ယှဉ်ပြိုင်နိုင်စွမ်းနည်းပါးနေရတာကြောင့် လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် စီမိံကန်းနှစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၉ ဇူလိုင်လမှာ အိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျူ တစ်ခုကို အဲဒီရန်ပုံငွေနှင့် ဖွင့်လှစ် နိုင်ခဲ့ပါတယ်။  အဲဒီနောက် သုတေသနအင်စတီကျုကို ဆော့ဝဲနှင့် ဟတ်ဒ်ဝဲ ဖွံ့ဖြိုးတိုးတက်မှုမြင့်မားလာဖို့နှင့် ပညာရှင်တွေ လေ့ကျင့်သင်တန်းပေးဖို့ ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရာမှာလည်း ရန်ပုံငွေက ကူညီခဲ့ပါတယ်။

Source CCTV+