Published 4 July 2022
ရုရှားက ဓာတ်ငွေ့ပိတ်ပစ်လိုက်နိုတဲ့ အခြေအနေရှိနေတဲ့အတွက် အဲဒါကိုကြိုတင်ပြင်ဆင်တဲ့အနေနှင့် ဂျာမဏီအစိုးရက ယင်းရဲ့ စွမ်းအင်လုံခြုံရေးဥပဒေကို ပြန်လည်မွမ်းမံမယ်လို့ ဒုတိယ အဓိပတိ ရောဘတ် ဟာဘက်က တနင်္ဂနွေနေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဲဒါကြောင့် ဂျာမန်မှ သုံးစွဲသူတွေဟာ စွမ်းအင်တွေကို ဈေးပိုကြီးလာမှာကို ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

ဓာတ်ငွေ့ ပြတ်တောက်သွားတာဩာ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေနှင့် အဆောက်အဦတွေကို ထိခိုက်မှုရှိ အသေအချာရှိလိမ့်မယ်လို့ ဖက်ဒရယ်စီးပွားရေးရာနှင့် ရာသီဥတုဆိုင်ရာ ဝန်ကြီးလည်းဖြစ်တဲ့ ဟာဘက်က သတိပေးလိုက်ပါတယ်။ အဲဒါကြောင့် အသုံးပြုသူတွေဟာ ထပ်တိုးကုန်ကျစရိတ်တွေကို ညီတူ မျှခံကြ ရလိမ့်မယ်လို့   သူက ပြောပါတယ်။

ဂျာမနီဟာ ၂၀၂၂ခုနှစ် နှစ်ကုန်မှာ ရုရှဦးထံမှ ရေနံတင်ပို့တာကို ရပ်ပစ်ဖို့ နှင့် ၂၀၂၄ နှစ်လယ်မှာ ရုရှားဆီက ဓာတ်ငွေ့ မှီခိုနေရတာကနေ လွတ်ကင်းတဲ့ နိုင်ငံဖြစ်ဖို့ စီစဉ်နေပါတယ်။

ဂျာမန်ရဲ့ နိုင်ငံအဆင့်သတင်းစာတစ်စောင်ဖြစ်တဲ့ The World က ဂျာမန်ဟာ ရုရှားထံမှ ရေနံတင်သွင်းနေရတာတွေကို အောင်မြင်စွာကြံ့ကြံခံမယ်လို့ ဟာဘက်ကမှတ်ချက်ပေးထားတာကို စိန်ခေါ်ခဲ့ပါတယ်။

ဧပြီလကုန်မှာ ရုရှားထံကနေ ဂျာမနီက ရေနံတင်သွင်းနေတာဟာ မတ်လမှာ စုစုပေါင်းရေနံတင်ပိုမှုရဲ့ ၃၇ ရာခိုင်နှုန်းရှိခဲ့ရာကနေ ၁၂ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တယ်လို့ ဟာဘက်ကပြောပါတယ်။  ဒါပေမယ့် ဖက်ဒရယ်စီးပွားရေးရာနှင့်ရာသီဥတုဆိုင်ရာဝန်ကြီးဌာနရဲ့ မေလ ကိန်းဂဏန်းတွေမှာတော့ ၂၇.၈ ရာခိုင်နှုန်းလို့ ပြနေပါတယ်။

ပြီးခဲ့တဲ့နှစ်က ဂျာမနီရဲ့ စုစုပေါင်း ဓာတ်ငွေ့တင်ပို့မှုရဲ့ ၅၅ ရာခိုင်နှုန်းကို ရုရှားက တင်သွင်းနေရတာပါ။ အဲဒီအပြင် ရေနံရဲ့ ၃၅ ရာခိုင်နှုန်းကလည်း ရုရှားဆီကဝယ်နေရတာဖြစ်ပါတယ်။

Source: CCTV+