Published 3 July 2022

အမည်မဖော်လိုတဲ့ ချီလီအလုပ်သမားတစ်ဦးဟာ လစာစာရင်း မှားယွင်းမှုကြောင့် သူ့လစာအမှန်ဖက် အဆပေါင်း ၃၃၀ဆနီးပါး ရရှိလိုက်ပြီးနောက် အလုပ်မှနှုတ်ထွက်သွားကာ ဆက်သွယ်လို့မရဖြစ်နေတယ်လို့ သတင်းတစ်ပုဒ်က ရေးသားပါတယ်။

အေးခဲအသားထုတ်လုပ်တဲ့ CIAL Alimentos ကုမ္ပဏီမှာ စာပို့လက်ထောက်အဖြစ်အလုပ်လုပ်တဲ့ ဝန်ထမ်းတစ်ဦးဟာ မေ၃၀ ရက်နေ့က လခထုတ်တဲ့အခါ ချီလီငွေ ၁၆၅,၃၉၈,၈၅၁ ပီဆို(ဒေါ်လာ၁၈၀,၄၁၈)ရရှိခဲ့တာဖြစ်တယ်လို့ ဆန်တီယာဂိုအခြေစိုက်  စီးပွားရေးသတင်းစာတစ်စောင် ဖြစ်တဲ့ Diario Financiero က သတင်းရေးသားခဲ့ပါတယ်။

သူတကယ်ရမယ့်လစာက ချီလီငွေ ၅၀၀,၀၀၀ ပီဆို(ဒေါ်လာ၅၄၅) ပဲဖြစ်ပါတယ်လို့ သတင်းစာကပြောပါတယ်။

အဲဒီဝန်ထမ်းက သူ့ရဲ့ ဖြန့်ချိရေးစင်တာက ဒုတိယမန်နေဂျာဆီသွားပြီး သူ့လစာ အဆ၃၃၀လောက်များပြီးရခဲ့တယ်လို့ အသိပေးခဲ့တယ်လို့ သတင်းစာကရေးပါတယ်။

ဒုတိယမန်နေဂျာက အဲဒီအကြောင်းကို လူသားအရင်းအမြစ်ဌာနထံ သတင်းပေးခဲ့ပါတယ်။အဲဒီနောက် အလုပ်သမားကို ဘဏ်သွားပြီး ပိုတဲ့ပိုက်ဆံပြန်လွှဲဖို့ ပြောခဲ့ပါတယ်။

သူက နောက်နေ့သွားလိုက်ပါမယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒီနောက် ပိုက်ဆံလည်းပြနမလွှဲတဲ့အပြင် ဖုန်းဆက်တော့လည်း ဖုန်းမကိုင်တော့ပါဘူး။ WhatsApp ကနေ မက်ဆေ့ပို့လည်း သုံးရက်ကြာတဲ့တိုင် အကြောင်းမပြန်ပါဘူး။

အဲဒီနောက် ဝန်ထမ်းဟာ သူ့ရဲ့ရှေ့နေက တစ်ဆင့် နှုတ်ထွက်စာကို ကုမ္ပဏီထံပို့ခဲ့ပါတယ်လို့ သတင်းစာကရေးပါတယ်။

ကုမ္ပဏီက ဝန်ထမ်းကို ရာဇဝတ်မှုနှင့် တိုင်တန်းထားပါတယ်။ အခုထက်ထိတော့ ဖမ်းဆီးခြင်းမလုပ်သေးပါဘူး။တိုင်တန်းရာမှာ ဝန်ထမ်းဟောင်းဟာ ငွေကြေးတွေကို အလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲထားတာဖြစ်ပါတယ်။

Source Insider