Published 3 July 2022

တက်စ်လာရဲ့ စီအီးအို အီလွန်မတ်စ်နှင့် အမေဇုန်တည်ထောင်သူ ဂျက်ဖ်ဘီဇော့အပါအဝင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀)ဦးဟာ ဒီနှစ်ထဲမှာ အမေရိကန်ဒေါ်လာ စုစုပေါင်း ဘီလျံ၂၅၀ ဆုံးရှုံးသွားခဲ့ကြရပါတယ်။

ဘလွမ်းဘတ် ဘီလျံနာ အညွှန်းကိန်းအရ ၂၀၂၂ခုနှစ်မှာ အမေရိကန်စတော့ဈေးကွက်ကျဆင်းမှုကြောင့် အဲဒီဘီလျံနာ ၁၀ဦး ဟာ ချမ်းသာကြွယ်ဝမှုတွေ  လျော့ကျခဲ့ကြတယ်လို့သိရပါတယ်။ သူတို့တည်ထောင်ထားတဲ့ ကုမ္ပဏီတွေမှာ သူတို့ရဲ့ အသားတင်ကြွယ်ဝမှုတွေဟာ အစိတ်အပိုင်းကြီးကြီးမားမား လျော့ကျသွားခဲ့ကြတာပါ။

၁၉၇၀ ခုနှစ်ကတည်းကဆိုရင် ယခုနှစ်ပထမနှစ်ဝက်မှာ စတော့ဈေးကွက် အဆိုးရွားဆုံး ခံစားခဲ့ကြရတာဖြစ်ပါတယ်။ အချမ်းသာဆုံးကုမ္ပဏီ၅၀၀ဟာ သူတို့ရဲ့တန်ဖိုးတွေရဲ့ ငါးပုံတစ်ပုံ လျော့ကျသွားခဲ့ကြရပါတယ်။

ဆိုလိုတာက မိုက်ခရိုဆော့ဖ်တွဲဖက်တည်ထောင်သူ ဘီလ်ဂိတ်နှင့်အတူ မတ်စ်၊ဘီဇော့ဗ်နှင့် လူးဝစ်ဗီတွန်ရဲ့ စီအီးအို ဘားနတ် အာနော့တို့ရဲ့ ချမ်းသာမှုတွေ အကြီးအကျယ်ထိခိုက်နေပါတယ်။ အထိခိုက်ဆုံးကတော့ မတ်စ်နှင့်ဘီဇော့တို့ဖြစ်ကြပါတယ်။ သူတို့နှစ်ဦးပေါင်းရဲ့ချမ်းသာမှုတွေထဲက ဒေါ်လာ ၁၂၀ဘီလျံလောက် ဒီနှစ်စကတည်းက ဖဲ့ပေးလိုက်ကြရပါပြီ။

တက်စ်လာရဲ့ ရှယ်ယာဈေးတွေဟာ ဒီနှစ်အတွင်း ၄၃ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ စီးပွားရေး မရေရာမှုတွေနှင့် မတ်စ်နှင့် တွစ်တာကိုဝယ်ဖို့ကြိုးစားမှုတွေကြောင့်ပါ။ အမေဇုန်ရဲ့ ရှယ်ယာကလည်း ၂၀၂၂နှစ်စကတည်းကဆိုရင် အခု ၃၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါပြီ။

ဒါပေမယ့် စာရင်းထဲပါတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးဖြစ်တဲ့ ဂေါတန်အက်ဒါနီနှင့် မူကက်ရှ်အာဘာနီတို့ကတော့ ဒေါ်လာ ၂၂.၁ ဘီလျံနှင့် ဒေါ်လာ ၃.၀၅ ဘီလျံ ပိုပြီးတောင်ချမ်းသာလာကြပါတယ်လို့ဆိုပါတယ်။

အက်ဒါနီဟာ ဆိပ်ကမ်းတွေနှင့် အိန္ဒိယရဲ့အကြီးဆုံး ကျောက်မီးသွေးသတ္တုတွင်းတွေကို လည်ပတ်နေပြီး ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် ကုန်ဈေးနှုန်းတွေ တက်လာပြီး ထောက်ပို့ကွင်းဆက်တွေ ကျပ်တည်းလာတာတွေကနေ အမြတ်ထွက်သွားတာပါ။

အာဘာနီက စက်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ရေနံချက်စက်ရုံတွဲတွေပိုင်ဆိုင်ပါတယ်။ ဒါဟာလည်း ယူကရိန်း ကိစ္စကြောင့် လောင်စာဆီဈေးတွေတက်လာတာကနေ စီးပွားဖြစ်သွားတဲ့အကြောင်း Insider ကရေးသားထားပါတယ်။

Source Insider