Published 2 June 2022

အစာအဆိပ်သင့်စေတဲ့ ဆာမိုနီလာပိုးကို တွေ့ရှိရတဲ့အတွက် ဘယ်လ်ဂျီယမ်နိုင်ငံ ဝီဇီမြို့က ကမ္ဘာ့အကြီးဆုံး ချောကလက်စက်ရုံဖြစ်တဲ့ ဆွစ်ဇာလန်ပိုင် Barry Callebaut ဘယ်ရီ ကာလီဘောက် ချောကလက်ကို ထုတ်လုပ်မှုရပ်ဆိုင်းပစ်ခဲ့ရတယ်လို့ ကုမ္ပဏီက ဇွန် ၃၀ရက် ကြာသပတေးနေ့တုန်းကပြောပါတယ်။

ကိတ်မုန့်လုပ်တဲ့ ဖောက်သည် ၇၃ ဦးအတွက် လက်ကားပေးပို့တဲ့ ချောကလက်အရည်တွေကိုထုတ်လုပ်တာကို စက်ရုံက ကာကွယ်မှုရှိစွာနှင့် ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ကုမ္ပဏီပြောရေးဆိုခွင့်ရသူက အေအက်ဖ်ပီကို ပြောပါတယ်။

အစာအဆိပ်သင့်ပိုးကူးစက်ခံရတယ်ဆိုတဲ့ သတင်းတွေတော့ တစ်ခုမှမရှိသေးဘူးလို့လည်း ပြောရေးဆိုခွင့်ရှိိသူ ကောနီလ် ဝါလော့ပ်က ပြောပါတယ်။ အဲဒီဆာမိုနီလာပိုးဟာ ဝမ်းပျက်ဖျားနာခြင်းတွေကို ဖြစ်စေတတ်ပြီး အလွန်အကျွံကိစ္စတွေမှာ သာ စိုးရိမ်ရတာမျိုးရှိပါတယ်လို့ သူကပြောပါတယ်။

စစ်ဆေးတွေ့ရှိပြီးကတည်းက ထုတ်လုပ်ထားပြီးဖြစ်တာတွေအားလုံးကို တားဆီးပိတ်ပင်လိုက်ပါတယ်” လို့လည်း သူကပြောပါတယ်။

ဘယ်ရီကာလီဘောက်ဟာ  မသန့်ရှင်းတဲ့ ထုတ်ကုန်တွေကို ဝယ်ယူထားသူများဖြစ်နိုင်တဲ့ ဖောက်သည်တွေအားလုံးကို ဆက်သွယ်ထားပါတယ်။ ဝီဇီရဲ့ ချောကလက်ထုတ်လုပ်ရေးတွေကိုလည်း နောက်ထပ်တစ်စုံတစ်ရာ ကြေညာတာ မလုပ်မချင်း ရပ်ဆိုင်းထားလိုက်ပါတယ်။

ထုတ်လုပ်ထားတဲ့ ချောကလက်အရည်တော်တော်အများစုဟာ လုပ်ငန်းခွင်ထဲမှာပဲရှိနေဆဲပါလို့လည်း သူကပြောပါတယ်။

ဒါပေမယ့် ကုမ္ပဏီအနေနှင့် ဖောက်သည်တွေအားလုံးကို ဆက်သွယ်ပြီး  ဇွန်၂၅ ရက်ကတည်းက ဝီဇီစက်ရုံကထုတ်လုပ်တဲ့ ချောကလက်နှင့်လုပ်ထားတဲ့ သူတို့ မုန့်တွေကို သင်္ဘောတင်ပို့တာတွေ မလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

အစားအစာ အန္တရာယ်ကင်းရှင်းရေးဟာ ဘာရီကာလီဘောက်အတွက် အရေးအကြီးဆုံးဖြစ်တယ်။ ဒီလိုဖြစ်ရပ်မျိုးက ဖြစ်တောင့်ဖြစ်ခဲတစ်ခုပါ။ ကျွန်တော်တို့ဆီမှာ အစားအစာ အန္တရာယ်ကင်းရှင်းရေးအတွက် ကောင်းမွန်တဲ့လမ်းညွှန်ချက်တွေနှင့် လုပ်ငန်းစဉ်တွေရှိပြီးသားပါ လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။

Source AFP