Published 26 June 2022

ရုရှားရဲ့ ဒုတိယအကြီးဆုံး ဘဏ်ကြီးဖြစ်တဲ့ VTB ရဲ့ ဥက္ကဋ္ဌက ရုရှားဟာ BRICS နိုင်ငံတွေနှင့် သူတို့ကိုယ်ပိုင်ငွေကြေး အသုံးပြုပြီး နီးကပ်စွာ တိုက်ရိုက်ကုန်သွယ်မှု ဆောင်ရွက်ဖို့ စိတ်ဝင်စားတယ်လို့ ပြောလိုက်ပါတယ်။ ၂၅ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်နှင့် ယှဉ်လျက်ကျင်းပတဲ့ ဆွေးနွေးပွဲမှာ သူကပြောလိုက်တာပါ။

ဇွန်၁၅ ရက်ကနေ ၁၈ ရက်အထိ ကျင်းပတဲ့ အဆိုပါဖိုရမ်မှာ နိုင်ငံပေါင်း၁၃၀ကျော်က နိုင်ငံရေးနှင့်စီးပွားရေး ထင်ရှားသူတွေ တက်ရောက်ခဲ့ကြပြီး ကမ္ဘာ့စီးပွားရေးမှာ ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်မှုများအပေါ် သူတို့ရဲ့ စိတ်ကူးတွေကို အတူမျှဝေခဲ့ကြပြီး အဖြေတွေလည်းထုတ်ခဲ့ကြပါတယ်။

အမေရိကန်က သပိတ်မှောက်ပြီး ဥရောပနိုင်ငံတော်တော်များများမတက်ခဲ့ကြတဲ့ကြားထဲက အဲဒီဖိုရမ်မှာ လူပေါင်း တစ်သောင်းလေးထောင်ကျော် တက်ရောက်ခဲ့ကြပါတယ်။ စီးပွားရေးဆက်သွယ်ချိတ်ဆက်မှုပေါင်း ၆၉၁ ခုလုပ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ နှင့်ညီမျှတဲ့ ၅.၆ ထရီလီယံရူဘယ်လ်တန်ဖိုးရှိတဲ့ စီးပွားရေးတွေ ဆက်သွယ်ဆောင်ရွက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ထက်စာရင်တောင် ပိုပြီးတိုးတက်မှုရှိသေးတယ်လို့ ဖိုရမ်ကိုကြီးမှူးကျင်းပတဲ့ ရော့စ်ကွန်ဂယက်က ပြောပါတယ်။

“BRICSဟာ အချို့သောနိုင်ငံရေးအခွင့်အလမ်းတွေလည်း တူညီတာတောင်မှ စီးပွားရေးဖွံ့ဖြိုတိုးတက်မှု အနေအထားဆင်တူကြတဲ့ နိုင်ငံတွေဖြစ်ကြတယ်။ ဒါဟာ အတော်အရေးကြီးတယ်။ အတွေးအခေါ်ပိုင်းဆိုင်ရာ ကွာခြားမှုမရှိဘူး။ နိုင်ငံရေးဒီအထဲမှာ မပါဘူး။ တကယ်စီးပွားရေးနှင့်ဘဏ္ဍာရေးသက်သက် အဖွဲ့အစည်းဖြစ်တယ်။ ကမ္ဘာ့စီးပွားရေးအတွက်လည်း အရေးကြီးတဲ့ အန်းကဏ္ဍကနေပါဝင်နိုင်တယ်” လို့ VTB ဘဏ် ဥက္ကဋ္ဌအင်ဒရေးကော့စတင်က ပြောပါတယ်။

ရုရှားဟာ အမေရိကန်ရဲ့ဒေါ်လာလက်နက်ကိုဆန့်ကျင်ပြီး အခြားသော BRICS နိုင်ငံတွေနှင့် နီးကပ်တဲ့ တိုက်ရိုက်ကုန်သွယ်ရေးကို နိုင်ငံတွေရဲ့ကိုယ်ပိုင်ငွေကြေးအသုံးပြုပြီး ဆောင်ရွက်ဖို့စိတ်ဝင်တစားရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“ လက်ရှိအခြေအနေအောက်မှာ ရုရှားဟာ ဥပမာအားဖြင့် ပြည်တွင်းငွေကြေးတွေနှင့် ယွမ်လို၊ရူပီးလိုနှင့်အခြာငွေကြေးလိုမျိုးနှင့် တိုက်ရိုက် ကုန်သွယ်ဖို့ အလွန်စိတ်ဝင်စားပါတယ်။ အဲဒါကို တိုးတက်ဖွံ့ဖြိးအောင်လုပ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။  ကျွန်တော်တို့ အခု ဒေါ်လာကို လက်နက်သဖွယ်သုံးနေတာ နိုင်ငငံရေးအကြောင်းပြချက်တွေမှာ ဒေါ်လာကို ဘယ်လိုအသုံးချနေတာ တွေ့မြင်နေကြရပြီဖြစ်တယ်။  ဒါဟာ ကျွန်တော်တို့တွေအတွက် အတော့်ကိုအရေးကြီးတဲ့ကိစ္စလို့ ကျွန်တော်မြင်ပါတယ်။ ပထမဆုံးလုပ်ကြရမယ့်အလုပ်လို့မြင်တယ်။ အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ အပြန်အလှန်ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ကြီးမားစွာတိုးတက်လာမှာဖြစ်တယ်” လို့သူကပြောပါတယ်။

BRICSဟာ ဘရာဇီး၊ရုရှား၊အိန္ဒိယ၊တရုတ်နှင့် တောင်အာဖရိကနိုင်ငံ ငါးနိုင်ငံပါဝင်တဲ့အဖွဲ့ဖြစ်ပါတယ်။

Source CCTV+