Published 26 June 2022

တရုတ်နိုင်ငံက Influencers တွေဟာ သူတို့အနေနှင့် ဥပဒေရေးရာ၊ကျန်းမာရေးနှင့် ဘဏ္ဍာငွေကြေးကိစ္စတွေလို အကြောင်း  အရာတွေကို တိုက်ရိုက် ဆွေးနွေးထုတ်လွှင့် live-streaming တင်ဆက်လိုတယ်ဆိုရင် သူတို့အနေနှင့် အရည်အချင်း   သတ်မှတ်ချက်တွေ လိုအပ်တော့မှာ ဖြစ်ပါတယ်။

တရုတ်ရေဒီယိုနှင့်ရုပ်မြင်သံကြားအုပ်ချုပ်ရေးအဖွဲ့က တိုက်ရိုက်ဆွေးနွေးထုတ်လွှင့်မယ့်သူတွေနှင့်ပတ်သက်လို့ လမ်းညွှန်ချက် အသစ်တွေကို ဗုဒ္ဓဟူးနေ့ကထုတ်ပြန်လိုက်ပါတယ်။အဲဒီလမ်းညွှန်ချက်ထဲမှာ အဆင့်မြင့် ပညာရပ်တွေဖြစ်တဲ့ အချို့သော ခေါင်းစဉ်တွေကို ပြောဆို ဆွေးနွေးမယ်ဆိုရင် ထုတ်လွှင့်တင်ဆက်သူဆီမှာ သင့်လျော်တဲ့ အရည်အချင်းသတ်မှတ်ချက်  တွေရှိဖို့လိုတယ်လို့ ပါဝင်ပါတယ်။

အဲဒီခေါင်းစဉ်တွေက ကျန်းမာရေးစောင့်ရှောက်မှု၊ဥပဒေ၊ဘဏ္ဍာငွေကြေးနှင့်ကျန်းမာရေးစသည်တို့ဖြစ်ကြောင်းဖော်ပြထား ပေမယ့် ဘယ်လိုအရည်အချင်းတွေလိုတယ်လိုတော့ အတိအကျဖော်ပြမထားပါဘူး။

“ တိုက်ရိုက် streaming တင်ဆက်သူတွေဟာ အရေးကြီးတဲ့ တာဝန်တွေထမ်းဆောင်ရတာဖြစ်တယ်။ သိပ္ပံပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိအမြင်ဗဟုသုတတွေဖြန့်ဝေရာမှာ၊စိတ်ပိုင်းနှင့်ယဉ်ကျေးမှုဘဝတွေကိုစိုပြည်စေရာမှာ၊ပြီးတော့ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရာမှာအရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိနေကြတယ်” လို့ အသိပေးချက်ထဲမှာ ဖော်ပြထားပါတယ်။

စည်းမျည်းအသစ်တွေဟာ “ အပြုသဘောဆောင်ပြီးကျန်းမာသန်စွမ်း စနစ်ကျကာ သဟဇာတဖြစ်တဲ့ အင်တာနက် ဟင်းလင်း  ပြင်ကို မြှင့်တင်ပေးလိမ့်မယ်လို့လည်း ဖြည့်စွက်ရေးသားထားပါတယ်။

အဲဒီအပြင် live-streaming တင်ဆက်လို့မရတဲ့ အကြောင်းအရာ ၃၁မျိုးကိုလည်း ထည့်သွင်းထားပါတယ်။ အဲဒီအထဲမှာ လောင်းကစား၊အကြမ်းဖက်မှု နှင့်မူးယစ်ဆေးဝါးသုံးစွဲမှုတို့ကို အားပေးရာရောက်တဲ့အကြောင်းအရာတွေ  စတာတွေ ပါဝင်နေ ပါတယ်။

အဲဒီအပြင် တင်ဆက်သူတွေဟာ တရုတ်ကွန်မြူနစ်ပါတီဦးဆောင်မှုနှင့်ဆိုရှယ်လစ်စနစ်ကို အားနည်းစေမယ့်၊ ပုံပျက်ယွင်း စေမယ့်၊ ငြင်းပယ်တဲ့ အကြောင်းအရာတွေ ထုတ်လွှင့်ခြင်းမပြုဖို့လည်း တားမြစ်ထားပါတယ်။

အစားအစာကို အလဟသဖြစ်စေတာမျိုးနှင့် အလွန်အကျွံစားပြတဲ့ mukbang ပုံစံမျိုးကိုလည်း ခွင့်ပြမှာမဟုတ်ဘူးလို့လည်း ဖြည့်စွက်ဖော်ပြထားပါတယ်။

ဒီလမ်းညွှန်ချက်တွေဟာ တရုတ်နိုင်ငံမှာ ကြီးထွားလာနေတဲ့ live-streaming လုပ်ငန်းတွေကို ဆက်လက်နှိမ်နှင်းနေတဲ့ အချိန်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ၂၀၂၀ပြည့်နှစ်တစ်နှစ်တည်းတင် အဲဒီလုပ်ငန်းဈေးကွက်ဟာ (၁) ထရီလီယံ ယွမ်ငွေ(ဒေါ်လာ ၁၅၆ ဘီလျံ)အထိရှိနေတယ်လို့ အကြံပေးကုမ္ပဏီ KPMG ကခန့်မှန်းထားပါတယ်။

တင်ဆက်သူတော်တော်များများဟာလည်း အံအားသင့်ရလောက်အောင် လူသိများကြပါတယ်။ သစ္စာရှိတဲ့ နောက်လိုက် ဖော်လိုဝါတွေ သန်းနှင့်ချီရှိနေကြတာဖြစ်ပါတယ်။

Ref: Insider