Published 19 June 2022

တက်စ်လာက အမေရိကန်က ယင်းရဲ့ ကား မိုဒယ်လ်အာလုံးရဲ့ ဈေးနှုန်းကိုသိသိသာသာ တိုးမြှင့်လိုက်ပြီး တရုတ်ပြည်တွင်းမှာ ထုတ်တဲ့ယင်းရဲ့ မိုဒယ်လ် Y ဂွင်ကျယ် အမျိုးအစားကားတွေကိုလည်း ဈေးတက်လိုက်ပါတယ်။ ကုန်ကြမ်းပစ္စည်းတွေနှင့် ထောက်ပို့ကွင်းဆက် ဈေးတွေတက်လာနေတာကြောင့်ဖြစ်ပါတယ်။

တက်စ်လာက ကားမိုဒယ်လ် လေးမျိုးကို အဓိက ရောင်းချနေပါတယ်။ မိုဒယ်လ် အက်စ်၊ မိုဒယ်လ်သရီး၊မိုဒယ်လ် အိတ်စ် နှင့် မိုဒယ်လ် ဝိုင်တို့ဖြစ်ကြပါတယ်။မိုဒယ်လ်တစ်ခုစီဟာ  ဖွဲ့စည်းစီစဉ်ပုံတွေ မတူခြားနားကြပါတယ်လို့ တက်စ်လာရဲ့ ဝက်ဘ်ဆိုက်ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်မှာ တက်စ်လာ ကားတွေဟာ ဒေါ်လာ ၂၅၀၀ကနေ ၆၀၀၀ အကြားဈေးတက်သွားပါတယ်။ မိုဒယ်လ်သရီး ဂွင်ကျယ်အမျိုးအစား ဟာ ဒေါ်လာ ၂၅၀၀တိုးလာပြီး ယင်းက ဈေးအနည်းဆုံးတိုးထားတာဖြစ်ပါတယ်။ မိုဒယ်လ်သရီးရဲ့ အခြားအမျိုးအစားတွေက အပြောင်းအလဲမရှိဘူးလို့ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

မိုဒယ်လ်အိတစ်က မော်တာနှစ်လုံးတပ် all-wheel drive ဟာ အမြင့်ဆုံးဈေးတက်ထားပြီး ဒေါ်လာ ၆၀၀၀ မြင့်တက်လာပါတယ်။ တရုတ်က ဝိုင်မိုဒယ်လ်ကတော့ ငါးရာခိုင်နှုန်းဖြစ်တဲ့ ယွမ် ၁၉၀၀၀ ဈေးတက်သွားပြီး ယွမ်၃၉၄၉၀၀ ဖြစ်လာပါတယ်။အခြားမိုဒယ်လ်တွေက ဈေးအပြောင်းအလဲမရှိပါဘူး။

ဈေးတက်ရတဲ့အကြောင်းရင်းကို တက်စ်လာက ကြေညာတဲ့အထဲ ထည့်ပြောမသွားပါဘူး။ ရိုက်တာရဲ့ သုံးသပ်ချက်အရတော့ ဒါဟာ ငွေကြေးဖောင်းပွမှုကြောင့်နှင့် ၊ပြီးတော့ လျှပ်စစ်ကားတွေရဲ့ ဖရိမ်တွေနှင့် ဘက်ထရီတွေမှာ မရှိမဖြစ်သုံးတဲ့ အလျူမီနီယမ်နှင့် လစ်သီယမ်အပါအဝင် ကုန်ကြမ်းတွေဈေးတက်လာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ဈေးတက်တာဟာ ကုန်ကြမ်းတွေဈေးတက်တာကြောင့်အပြင် ထောက်ပံ့မှုနည်းပါးမှုတာကြောင့်လည်းဖြစ်ပါတယ်။ အချိန်တိုတိုအတွင်း ပစ္စည်းသွင်းမယ့်သူတွေ ထပ်ရှာဖို့ အခက်အခဲလည်းရှိနေပါတယ်။

အချို့သော တက်စ်လာမိုဒယ်လ်တွေကို အမေရိကန်မှာ ပေးပို့တဲ့အချိန်ဟာ တစ်လနောက်ကျနေတယ်လို့လည်းသိရပါတယ်။

Source CCTV+